ထူးခြားတဲ့ပေါင်းစပ်မှုကြောင့် ကျော်ကြားနေတဲ့ ကာလဗလမယ်

ရုတ်တရက်ကြည့်လိုက်ရင် AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီပုံက ရုရှားနိုင်ငံဖွား ကာယဗလမယ် ဗလာဒီဆလာဗာဂလာဂန်ရဲ့ ဓာတ်ပုံအစစ်ပါ။ ချောမောပြီး မိန်းမဆန်တဲ့ ရုပ်ရည်ရူပကာကို ကြွက်သားအပြိုင်းပြိုင်းထနေတဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပေါင်းဖက်ထားတာကြောင့် ဂလာဂန်က လူမှုကွန်ရက်မှာ နာမည်ကျော်ကြားပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိတဲ့ ဂလာဂန်က ချက်နိုင်ငံ ပရပ်မြို့မှာ နေထိုင်သူပါ။ သူဟာ ထူးခြားတဲ့ ပုံပန်းသဏ္ဍာန်ကြောင့် ဓာတ်ပုံတွေကို ပြုပြင်ထားတယ်ဆိုတဲ့ စွပ်စွဲမှုမျိုး မကြာခဏ ကြုံရလေ့ရှိပါတယ်။ အခုလို ပုံပန်းသဏ္ဍာန် ထူးခြားတဲ့ ကာလဗလမယ်ဟာ ဂလာဂန်တစ်ဦးတည်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ နှစ်ပိုင်းတုန်းကလည်း တောင်ကိုရီးယားကာယဗလမယ် ယွန်ဝူးဂျီက အခုလိုပုံစံမျိုးနဲ့ ကျော်ကြားခဲ့ပါသေးတယ်။ #yoyarlay

အ မေ များနေ့ကို သီတင်းတစ်ပတ်စောကျင်းပခဲ့ကြတဲ့ ကြယ်ပွင့်များ

မီရန်ဒါကား ၊ စီယာရာ နဲ့ ရေချယ်ဇိုး တို့ အပါအဝင် ဟောလိဝုဒ် ကြယ်ပွင့်တချို့က Baby2Baby လုပ်ငန်းနဲ့ ပူးပေါင်းပြီး သောကြာနေ့က ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills ဒေသမှာ အမေများနေ့ကို သီတင်းတစ်ပတ်စောပြီး ကျင်းပခဲ့ပါတယ်။
အခမ်းအနား တက်ရောက်လာကြတဲ့ မေမေတွေက ပွဲတက်ရုံသက်သက် မဟုတ်ဘဲ ဝင်ရောက် ကူညီလုပ်ကိုင်ပေးနေတာကိုလည်း တွေ့ရပါတယ်။
စီယာရာ က မုန့်ဆိုင်တစ်ခုကို တာဝန်ယူထားသလို ရေချယ်ကလည်း ရေခဲမုန့်တွေ ခပ်ထည့်ပေးနေပါတယ်။ မီရန်ဒါ ကလည်း ဈေးဆိုင် တစ်ခုမှာ အရုပ်လေးတွေကို နေသားတကျ ဖြစ်အောင် စီစဉ်ပေးနေခဲ့ပါတယ်။
လူတိုင်း က ပျော်ရွှင်နေပုံရပြီး မေ ၁၄ ရက်မှာ ကျရောက်မယ့် အမေများနေ့ကို ကြိုတင်ဖွင့်လှစ်ရတာကို ကျေနပ်အားရနေခဲ့ကြပါတယ်။

တောင်ကိုရီးယားနာမည်ကြီးအဆိုအဖွဲ့ ASTRO အဖွဲ့ဝင် မွန်ဘင်းကို သူ့နေအိမ်မှာ သေဆုံးလျက်တွေ့ရှိခဲ့ရ

ယောက်ျားလေး K-pop အဖွဲ့ Astro မှ အဖွဲ့ဝင် မွန်းဘင်သည် အသက် ၂၅ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်း၏ အေဂျင်စီဖြစ်သည့် ဖန်တဂျီယို က ဧပြီလ ၂၀ ရက် ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

တောင်ကိုရီးယား ကေပေါ့ပ် BTS အဖွဲ့ဝင် ဂျေဟုပ် စစ်မှုထမ်းဆောင်

တောင်ကိုရီးယားနိုင်ငံက ဂရမ်မီဆုဆန်ကာတင်စာရင်းဝင် ကေပေါ့ပ်ဂီတအဖွဲ့တခုဖြစ်တဲ့ BTS အဖွဲ့ဝင်ဖြစ်သူ ဂျေဟုပ်ဟာ ဧပြီ ၁၈ ရက်မှာ စစ်မှုထမ်းဆောင်သွားပြီ ဖြစ်ပါတယ်။

တောင်ကိုရီးယားနိုင်ငံရဲ့ စစ်မှုမထမ်းမနေရ ဥပဒေအရ နောက်ထပ် BTS အဖွဲ့ဝင်ဖြစ်သူ ဂျင် ပြီးနောက် ဂျေဟုပ်က ဒုတိယမြောက် ဖြစ်လာခဲ့တာပါ။

Moana အန်နီးမေးရှင်းဇာတ်ကားကို Live Action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ The Rock

Walt Disney ကုမ္ပဏီက နာမည်ကြီးမူရင်းအန်နီးမေးရှင်းဇာတ်ကား Moana ကို live action အဖြစ် ရိုက်ကူးထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ The Rock အဖြစ် သိကြတဲ့ မင်းသား ဒွိန်း ဂျွန်ဆင်က ဧပြီလ ၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

လုပ်ကြံရေးသမားမိခင်အကြောင်းရိုက်ကူးထားသည့် တောင်ကိုရီးယားဇာတ်ကား Netflix မှာ နာမည်ကြီးနေ

Kill Boksoon လို့နာမည်ရတဲ့ တောင်ကိုရီးယားဇာတ်ကားက ပထမဆုံးသီတင်းပတ်ထဲမှာပဲ ကမ္ဘာတစ်ဝန်း Netflix ရဲ့လူကြိုက်များ ရုပ်ရှင်စာရင်းမှာ ထိပ်တန်းနေရာကို တက်လာခဲ့ကြောင်း သိရပါတယ်။ အင်္ဂါနေ့က အထိ နံပါတ် ၃ နေရာမှာ ရောက်နေပါတယ်။

အော်စကာဆုရ ဂျပန်တေးရေးဆရာ ရူအီချီ ဆာကာမိုတို အသက် ၇၁ နှစ်အရွယ်တွင် ကွယ်လွန်

နာမည်ကျော် “Merry Christmas, Mr. Lawrence” နဲ့ “The Last Emperor” ရုပ်ရှင်ကားတို့အတွက် တေးသီချင်းတွေ ရေးစပ်ပေးခဲ့တဲ့ အော်စကာဆုရ ဂျပန် ဂီတစာဆို ရူအီချီ ဆာကာမိုတိုဟာ အသက် ၇၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။

မတ်လ ၂၈ ရက်မှာ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့ စီမံခန့်ခွဲရေးအဖွဲ့က ကြေညာထားပါတယ်။ ဆာကာမိုတိုဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း ကင်ဆာရောဂါကြောင့် ဆေးကုသမှု ခံယူနေရသူလည်း ဖြစ်ပါတယ်။

အက်ရှင်နဲ့ပတ်သက်ပြီး ဆက်ခံမယ့် အလားအလာရှိတဲ့သရုပ်ဆောင်တွေရှိလားဆိုတဲ့ မေးခွန်းကို မျက်ရည်ဝဲပြီး ဖြေကြားခဲ့တဲ့ ဂျက်ကီချမ်း

ကိုယ်ခံပညာမင်းသားကြီး ဂျက်ကီချမ်းဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အက်ရှင်နဲ့ ပတ်သက်ပြီး ဆက်ခံမယ့် အလားအလာရှိတဲ့ သရုပ်ဆောင်တွေရှိလားမေးတဲ့အချိန် မျက်ရည်ဝဲခဲ့ရပါတယ်။ မကြာသေးခင်နှစ်တွေအတွင်း အက်ရှင်သရုပ်ဆောင်အသစ် အရေအတွက်ကျဆင်းလာတာနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အရင်ဆုံး မေးမြန်းခဲ့တာပါ။

အဲ့ဒါနဲ့ပတ်သက်ပြီး ဂျက်ကီချမ်းက အခုလို ထုတ်ပြောခဲ့ပါတယ်။ “ဒုတိယဂျက်ကီချမ်းကို တကယ်ရှာချင်ခဲ့ပေမဲ့ အရမ်းခက်ခဲတယ်”တဲ့။ အက်ရှင်သရုပ်ဆောင်တွေ ကိုယ်ခံပညာဘယ်လောက်ကောင်းကောင်း သူတို့ကို အားပေးကြတာ၊ တောင်းဆိုကြတာမရှိဘူးဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် အောင်မြင်မှာမဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။