
မြန်မာပရိသတ်တွေကြား ထင်ရှားတဲ့ မလေးရှားနိုင်ငံဖွား မင်းသမီး မီချဲလ်ယိုကတော့ ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး မင်းသမီးဆု ဆွတ်ခူးသွားခဲ့ပါတယ်။ မီချဲလ်ယိုဟာ သိပ္ပံစိတ်ကူးယဉ် ဟာသဒရာမာဇာတ်ကား Everything Everywhere All at Once မှာ အဓိကဇာတ်ကောင် အီဗလင်းဝမ်အဖြစ် သရုပ်ဆောင်ခဲ့လို့ ဒီဆု ရခဲ့တာပါ။












