Myanmar Idol အဆိုပြိုင်ပွဲမှ Top 11 Acoustic Album ထွက်

Myanmar Idol အဆိုပြိုင်ပွဲမှ Top 11 အဆိုရှင်များ၏ Myanmar Idol Top 11 Acoustic Album သီချင်းခွေကို ဇူလိုင်၈ရက်ကစတင် ဖြန့်ချိခဲ့ပြီးတာမွေမြို့နယ်အရှေ့မြင်း ပြိုင်ကွင်းလမ်း ရွှေထွဋ်တင်ကွင်း တွင်ဝယ်ယူနိုင်ကြောင်းသိရသည်။
အဆိုပါအခွေတွင် စောလား ထော်ဝါးက ‘ချိန်းတဲ့ည’၊ M Zaw Rain က ‘အရမ်းလွမ်းနေပြီ’၊ နင်ဇီ မေက ‘အချစ်ကအမှား’၊ ဆိုဖီယာ အဲဗရက်(စ်)က ‘မိုင်ပေါင်းကုဋေ’၊ ဇော်မင်းဦးက ‘သီးသန့်သီချင်း’၊ စောထက်နိုင်စိုးက ‘သေလောက် အောင်ချစ်တော့လည်း’၊အောင်ပြည့် ထွန်းက’နေနဲ့လအရှေ့နဲ့အနောက်’၊ အောင်တေဇကျော်က’စမ်းချောင်း ထဲကမျက်ရည်’၊ မေကြည်က ‘သတိရရင် ပြီးတာပဲ’၊ ရီယိုက ‘တကယ်ကိုများ’၊ခိုင်သဇင်သင်းက ‘နာရီပေါ်မှမျက်ရည်စက်များ’သီချင်း များဖြင့်သီဆိုထားကြသည်။
Myanmar Idol Acoustic Album အခွေကို City Mart များတွင်ရောင်းချရန် အစီအစဉ်ရှိ ပြီး နယ်မှမှာယူလိုသူများအတွက် အခွေ ၁ဝခွေနှင့်အထက် ဝယ်ယူ လျှင် သက်ဆိုင်ရာမြို့ရှိဘဏ်များမှ KBZ Bank Account သို့ ငွေလွှဲ ဝယ်ယူနိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံရှိ ငလျင်ဒဏ်သင့် ပြည်သူများကို ငွေကြေးလှူဒါန်းသွားမည့် ဆောင်းဂျွန်ကီ

တောင်ကိုရီးယား သရုပ်ဆောင်မင်းသား ဆောင်းဂျွန်ကီသည် ၎င်း၏ ၂၀၁၆ အာရှပရိသတ် တွေ့ဆုံပွဲမှ ရရှိသော ငွေများကို တရုတ်နိုင်ငံ စီချွမ်းပြည်နယ်တွင် ၂၀၀၈ ခုနှစ်က ငလျင်ဒဏ်ခံစား ခဲ့ရသော ပြည်သူများသို့ ကူညီပေးနေသည့် တရုတ်ချို့တဲ့သူများ ကူညီရေး ဖောင်ဒေးရှင်းကို လှူဒါန်း သွားမည်ဖြစ်ကြောင်း ၎င်း၏အေဂျင်စီ  Blossom   အင်တာတိန်းမန့်က   ပြောကြားသည်။

အာရှရုပ်ရှင် တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သည့်အတွက် ဆုချီးမြှင့်ခံရသည့် လီဗြောင်ဟွန်း

တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်းသည် အာရှရုပ်ရှင်လုပ်ငန်း တိုးတတ်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အတွက် (၁၅) ကြိမ်မြောက် New York Asia ရုပ်ရှင်ပွဲတော်တွင် Star Asia Award ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

007+Byung-hun+Lee+as+Han+Cho+Bai+

(more…)


ကိုယ်ပိုင်ထုတ်လုပ်ရေးထောင်မယ့် အိန္ဒြာကျော်ဇင်

အနုပညာအလုပ်ကိုသာ စိတ်ဝင်စားသောကြောင့် စီးပွား ရေးလုပ်ကိုင်ရာတွင် ရုပ်ရှင်ထုတ် လုပ်ရေးလုပ်ကိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒြာကျော်ဇင် က ပြောသည်။

ဇာတ်ကားတွေပြန်ရိုက်တော့မယ်ဆိုတဲ့…ဝိုင်းစုခိုင်သိန်း

နှစ်နှစ်ကျော်ကြာအောင် ဇာတ်ကား ရိုက်ကူးရေးတွေနဲ့ ကင်းကွာခဲ့တဲ့ ဝိုင်းစု ခိုင်သိန်းက သြဂုတ်လမှာ ဇာတ်ကားရိုက် ကူးရေးတွေ ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။
”ဝိုင်းစုရဲ့ဒုတိယအခွေ MTV စရိုက် ကတည်းက ဇာတ်ကားရိုက်ကူးရေးတွေ နားလိုက်တာဆိုတော့ နှစ်နှစ်ကျော်လောက် ရှိနေပါပြီ။ ဂီတဘက်ကို ပိုလုပ်ချင်လို့ပါ။ အခု ဝိုင်းစုရဲ့ ‘ဂါ’ဆိုတဲ့ စီးရီးသစ်လည်း ၁ဝ လပိုင်းမှာ ထွက်မှာပါ။ ပရိသတ် ခေါင်းထဲကိုဝင်သွားမယ့် နာမည်လေးပေး ချင်လို့ ‘ဂါ’လို့ပေးလိုက်တာပါ။ အခု နောက်ပိုင်းမှာ ပရိသတ်ကလည်း ပြန် ရိုက်စေချင်နေကြပြီ။ ဟိုးအရင်ကကျတော့ ရိုက်ထားတဲ့ဇာတ်ကားတွေက တောက် လျှောက်ရှိနေတော့ ဆက်တိုက်ထွက်နေခဲ့ တာလေ။ အခုကျတော့ ကားသစ်တွေ မရှိတော့တာကြာပြီဆိုတော့ ပရိသတ်ကို စဉ်းစားပြီး ပြန်ရိုက်ဖြစ်တာပါ။ ကိုယ် တကယ်ကြိုက်တဲ့ ဇာတ်ကောင်မျိုးကိုပဲ ရိုက်ကူးဖြစ်တော့တာပါ။နောက်ပိုင်းလည်း ရွေးချယ်ပြီးမှ ရိုက်မှာပါ။ အခုလည်း ဇာတ်ကားတစ်ကား ရိုက်ဖို့ရှိပါတယ်။ စိုင်း စိုင်းခမ်းလှိုင်နဲ့အတူ ပါဝင်သရုပ်ဆောင်ကြ မှာပါ။ ဒါရိုက်တာက ဦးချိင်းရှိန်ပါ။ သြဂုတ်လမှာ စရိုက်ပါမယ်”လို့ ပြောပြခဲ့ ပါတယ်။

မော်ဒယ်အလှမယ် ပိုးစန္ဒာခင်အား ရေဝေး၌ မီးသင်္ဂြိုဟ်

မော်ဒယ်အလှမယ်တစ်ဦးဖြစ်သူ ပိုးစန္ဒာခင်သည် ယမန်နေ့နံနက် ပိုင်းတွင် Gym ကစားနေရင်း မော၍ အနားယူနေစဉ် ရုတ်တရက် နှလုံးရပ်ကာ သေဆုံးခဲ့သည်။
မော်ဒယ်အလှမယ်ပိုးစန္ဒာခင် အနေဖြင့် Miss Myanmar World 2016 ပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထား ကြောင်း၊ Miss Myanmar World 2016 ပွဲ၌ Top 5 အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း၊ ဝေဟင်နတ် သမီးဆု အပြင် ၂ဝ၁၄-၂ဝ၁၅ခုနှစ် မြန်မာ့ ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေး ပွဲတွင် အကယ်ဒမီရွှေကြိုအဖြစ် ပါဝင်ခဲ့သည်။
ရုတ်တရက်ကွယ်လွန်ခဲ့သည့် အပေါ် Miss Universe Myanmar 2015 အလှမယ် မေဘရန်ဏီ သော်က ”အခုထိမယုံနိုင်သေးဘူး။ သူငယ်ချင်းပိုးစန္ဒာခင် သတင်းရရ ချင်း ဘယ်လိုမှ မယုံနိုင်ခဲ့ဘူး။ တကယ်မဟုတ် ပါစေနဲ့လို့ ဆုတောင်းမိခဲ့တယ်”ဟု ပြောသည်။
မော်ဒယ်အလှမယ် ပိုးစန္ဒာခင် ၏ ကျန်ရစ်သောရုပ်အလောင်းကို ယနေ့နံနက် ၁၁နာရီတွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။

“Formation” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ဗြိတိန်ခရီးစဉ်ကို စတင်ခဲ့တဲ့ ဘီယွန်စေး

ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးသည် ၎င်း၏ “Formation” ကမ္ဘာလှည့်ဖျော်ဖြေပွဲ ခရီးစဉ်ကို ဆန်ဒါးလမ်း၏ အားကစားကွင်းတွင် ဇွန်လ (၂၈) ရက်ညက စတင်ခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Be

(more…)


ကိုယ်ပိုင်သီချင်းတွေ ပိုင်ဆိုင်ချင်လို့ တစ်ကိုယ်တော်အခွေထုတ်မယ့် ဂျူးစံသာ

ကျောင်းမပြီးသေးသော ကြောင့် သရုပ်ဆောင်ဘက်တွင် မလုပ်ဖြစ်သေးသော်လည်း ဂီတ ၀ါသနာပါသဖြင့် တစ်ကိုယ်တော် အခွေ စီစဉ်နေကြောင်း အလှမယ် ဂျူးစံသာကပြောသည်။

‘‘အလှမယ်ပိုင်းကို ၀င်ဖြစ် သွားတာက Show တွေလျှောက် ရင်း၊ ပြိုင်ပွဲတွေပြိုင်ရင်းနဲ့ ၀င်ဖြစ် သွားတာ။ သီချင်းက ငယ်ငယ် လေးကတည်းက ၀ါသနာပါတယ်။ သီချင်းဆိုတာရော နားထောင်ရ တာရော အရမ်းကြိုက်တယ်’’ဟု ၎င်းက ပြောသည်။

ဆောင်းဟေဂျိုနှင့်အချစ်ဇာတ်ကားတစ်ကားရိုက်ချင် သည်ဟုဆိုလာသည့် ဆောင်းဂျွန်ကီ

ပရိသတ်များနှင့်တွေ့ဆုံရန် ခရီးထွက်နေသည့်မင်းသားဆောင်း ဂျွန်ကီသည် တရုတ်(တိုင်ပေ)သို့ ရောက်ရှိခဲ့ပြီးနောက် ယမန်နေ့ တွင် တရုတ်(တိုင်ပေ)ပရိသတ် များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ် များ၏မေးမြန်းမှုများကို ဆောင်း ဂျွန်ကီက ပြန်လည်ဖြေကြားပေးခဲ့ ရာ မေးခွန်းအများစုမှာ ၄င်း၏ ပုဂ္ဂိုလ်ရေးရာကဏ္ဍသရုပ်ဆောင် ကဏ္ဍတို့နှင့်ပတ်သက်ကြောင်း သိရသည်။
၎င်း၏မူလရည်မှန်းချက်ကို မေးမြန်းခဲ့ရာတွင် ”ကျွန်တော်က ပရော်ဖက်ရှင်နယ်စကိတ်စီးသမား ဖြစ်ချင်ခဲ့ပြီး ကိုရီးယားအိုလံပစ် မှာစကိတ်စီးဝင်ပြိုင်ချင်ခဲ့တာ၊ဒါပေ မဲ့ အဲ့လောက်ထိမထူးချွန်လို့ဆက် မလုပ်ဖြစ်တော့ဘူး”ဟုပြန်လည် ဖြေကြားခဲ့သည်။
ထို့ပြင် Desendent of The Sun ဇာတ်ကားတွင် မင်းသမီး ဆောင်းဟေဂျိုနှင့်အတူ တွဲဖက် သရုပ်ဆောင်ပြီးနောက် ၄င်းတို့နှစ် ဦး၏အချစ်ရေးနှင့်ပတ်သက်၍ သတင်းမျိုးစုံထွက်ရှိခဲ့ပြီးပရိသတ် များက အလွန်စိတ်ဝင်စားလျက် ရှိရာ မင်းသမီးဆောင်းဟေဂျိုနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်း ခဲ့ရာ စိတ်ကူးယဉ်အချစ်ဇာတ် လေးတစ်ပုဒ်လောက်ဆောင်းဟေ ဂျိုနှင့်ရိုက်ကူးချင်ကြောင်း မင်း သားဆောင်းဂျွန်ကီက ဖွင့်ဟပြော ကြားခဲ့သည်။

တရုတ်ပြည်တွင် Lady Ga Ga ၏ အနုပညာလှုပ်ရှားမူများအား တားမြစ်လိုက်ပြီ

တရုတ်နိုင်ငံတွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် အင်တာနက်ဖျော်ဖြေရေးအစီအစဉ်များ၌ Lady Ga Ga အား ပိတ်ပင် တားမြစ်လိုက်ကြောင်းသိရသည်။ (more…)