တတိယအကြိမ်မြောက် Miss Golden Land Myanmar ပြိုင်ပွဲကို ဩဂုတ် ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ ခြောက်ပွဲအ တွက် အလှမယ်ခြောက်ဦး ရွေး ချယ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
တတိယအကြိမ်မြောက် Miss Golden Land Myanmar ပြိုင်ပွဲကို ဩဂုတ် ၂၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲ ခြောက်ပွဲအ တွက် အလှမယ်ခြောက်ဦး ရွေး ချယ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော် ပြန် လည်စတင်သည့်နေ့တွင် နေပြည် တော်၌ ရောက်ရှိနေသော မယ် စကြဝဠာ မန္တလေး ၂၀၁၆ ဆန်ခါ တင်အလှမယ်များကို လွှတ်တော် သို့ သွားရောက်လေ့လာစေခဲ့ ကြောင်း ယင်းပြိုင်ပွဲကို စီစဉ် ကျင်းပသူ ဦးရော်နီညိမ်းက ပြော သည်။
အမေရိကန် သဘာဝလွန်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲ ‘The Vampire Diaries’ သည် Season 8 အပြီးတွင် အဆုံးသတ်မည်ဟု ယင်းဇာတ်လမ်းတွဲကို ထုတ်လွှင့်သည့် အမေရိကန် ရုပ်သံကွန်ရက် The CW က ကြေညာသည်။

ကိုယ်ပိုင်သံစဉ်သီချင်း များ ပါဝင်မည့် ‘အထင်ကရတေး များ-၁’ Live Show အခွေကို ဩဂုတ် ၁ ရက်တွင် ဖြန့်ချိပေး မည်ဟု ဆုန်သင်းပါရ်က ပြော ကြားသည်။
‘‘ကိုယ်ပိုင်သံစဉ်သီချင်းတွေ က တချို့အခွေတွေမှာ တစ်ပုဒ်၊ နှစ်ပုဒ်ညှပ်ထည့်ထားတာ။ အခု ကျတော့ ကိုယ့်ရဲ့သီချင်းကောင်း လေးတွေကို တစုတစည်းတည်း နားထောင်ရတာပေါ့’’ဟု ၎င်းက ပြောသည်။
ကနေဒီယမ်ပေါ့ပ်အဆိုတော် စီလင်းဒီယွန်က သူမ၏ တစ်ကိုယ်တော် အယ်လ်ဘမ် EncoreUnSoir ကို လာမည့် သြဂုတ်လ (၂၆) ရက်တွင် စတင်ဖြန့်ချီတော့ မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

Full House ကိုရီးယားအချစ် ဟာသဇာတ်လမ်းတွဲဖြင့် မြန်မာ ပရိသတ်များနှင့် စတင်ရင်းနှီးခဲ့ သည့် တောင်ကိုရီးယားထိပ်တန်း ငွေကြယ်ပွင့် အဆိုတော်မင်းသား လေးရိန်းသည် အာရှတွင်သာမက ကမ္ဘာကျော်ဟောလိဝုဒ်လောကသို့ ပါခြေဆန့်ပြီးအောင်မြင်ကျော်ကြား နေသူဖြစ်သည်။ ရိန်း၏နာမည် အရင်းကမူ ဂျန်ဂျီဟွန်းဖြစ်ပြီး ပရိ သတ်များကမူ ၄င်းကိုအဆိုတော် ရိန်းအဖြစ်ပိုမိုသိခဲ့ကြသည်။ ရိန်း သည် ဟောလိဝုဒ်လောကသို့ ထိုး ဖောက်ဝင်ရောက်နိုင်ရေးအတွက် အင်္ဂလိပ်ဘာသာစကားကို သေချာ လေ့လာလိုက်စားခဲ့သူဖြစ်သည်။
ရိန်းသည် အသက် ၁၆ နှစ် အရွယ် ၁၉၉၈ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့ ပြီး Fanclub ဟူသည့်အဆိုတော် အဖွဲ့တွင်စတင်ပါဝင်ခဲ့ပြီး တေး အယ်လ်ဘမ်နှစ်ခုထုတ်ဝေခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှစတင်ကာ ရိန်း အမည်ဖြင့် တစ်ကိုယ်တော်တေး သီချင်းများ စတင်သီဆိုဖျော်ဖြေ ခဲ့သည်။
သရုပ်ဆောင်လောကထဲသို့ ၂ဝဝ၃ ခုနှစ်မှာစတင်ဝင်ရောက် ခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှစတင်ကာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ၄င်း သည် တေးအယ်လ်ဘမ်ခြောက်ခု ထုတ်ဝေခဲ့ပြီး ကမ္ဘာလှည့်ဂီတဖျော် ဖြေပွဲပေါင်းများစွာကိုလည်း သီဆို ဖျော်ဖြေခဲ့ပြီးဖြစ်သည်။
ရိန်းသည် နိုင်ငံတကာနာမည် ကြီးကုမ္ပဏီကြီးများ၏ ရုပ်ရှင် ဇာတ်ကားများစွာတွင်ပါဝင်သရုပ် ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး Racer နှင့် Ninja Assassin ဇာတ် ကားများကမူ ၄င်း၏ကမ္ဘာကျော် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများ ဖြစ်သည်။ လက်ရှိတွင် ကိုရီးယား ဒရာမာ မင်းသမီးချောလေး ကင်မ် တေးဟီးနှင့်ချစ်ကြိုက်နေလျက်ရှိပြီး လူငယ်ပရိသတ်နှင့် လူလတ်ပိုင်း ပရိသတ်များ၏အားပေးမှုကို အခိုင် အမာရရှိနေဆဲဖြစ်သည်။အောင်မြင် ကျော်ကြားမှုများ၏သရဖူရှင် ရိန်း ကို ၁၉၈၂ ခုနှစ် ဇွန် ၂၅ ရက် တွင်မွေးဖွားခဲ့သည်။
၂ဝဝ၂ ခုနှစ်က အမျိုးသားဇာတ်ဆောင်ဆု အကယ်ဒမီညွန့်ဝင်းရရှိခဲ့သည့် စိမ်းဝါနီရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ ကြည်စိုးထွန်း ဖန်တီးတင်ဆက်ထားသော ‘ဆန်ရေ’ ရုပ်ရှင်ဇာတ်ကားကြီးတွင် ဖခင်စွန့်ပစ်ခြင်းခံခဲ့ရပြီး မိခင် အကယ်ဒမီမြင့်မြင့်ခိုင်၏ သားငယ်၊ အကယ်ဒမီလွင်မိုး ငယ်ဘဝအဖြစ် ပီပြင်စွာ သရုပ်ဆောင်ခဲ့သူ ကလေးသရုပ်ဆောင် အားသစ်တစ်ယောက် အခုဆို ရုပ်ရှင် ဇာတ်ကားများစွာကို ရွှေရတနာရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ထုတ်လုပ်ရိုက်ကူးလျက်ရှိပါတယ်။
ယခုလ ၉ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ Orchid Hotel တွင် အဆိုပါရုပ်ရှင်ထုတ်လုပ်ရေး မှ ထုတ်လုပ်ရိုက်ကူးမည့်ဇာတ်ကား သုံးကား မိတ်ဆက်ပွဲပြုလုပ်ခဲ့ ပါတယ်။
”ကျွန်တော်အခုဆိုကားကြီးပေါင်း ၁ဝ ကားရှိပါပြီ။ ခေါင်းဆောင်အနေနဲ့ပေါ့။ ကျွန်တော်က အခုဆို အနုပညာရှင်ကြီးတွေဆီက ပညာရယူနေတယ်။ အနုပညာ ရှင်လူငယ်တစ်ယောက်ပါ။ ဇာတ်ကားတွေ မှာ အရင်က ကလေးသရုပ်ဆောင်အဖြစ် နဲ့ သရုပ်ဆောင်ခဲ့တာလေ အခုက ကိုယ့် အတွက် နေရာတွေ လုပ်ကွက်တွေ အများ ကြီးလုပ်လာရပြီဆိုတော့ အရင်ကထက် ပိုအားစိုက်ပြီးလုပ်နေရပါတယ်။ အဲ့ဒီ အတွက် အများကြီးလည်း ပင်ပန်းရတယ်။ ကျွန်တော့်ကို ကလေးဘဝကတည်းက ယနေ့အထိချစ်ခင်မှုနဲ့ အားပေးနေတဲ့ပရိသတ် ရှိနေတော့ သူတို့အတွက် ကျွန်တော် အကောင်းဆုံးတွေပဲ ဖန်တီးသွားမှာပါ။ ကျွန်တော့်ကိုအားလုံးက စိုးရိမ်ကြတာ လေးတစ်ခုတော့ရှိတယ်။ ငယ်သေးတယ်ပေါ့။ လုပ်ကွက်တွေပိုင်နိုင်ပါ့မလားလို့။ ကျေးဇူးတင်ပါတယ်။ အခုလိုစိတ်ပူပေး တာကို။ ကျွန်တော့်ဘက်ကတော့ ဘာ လာလာ အကောင်းဆုံးလုပ်သွားမယ်။ ကိုယ်မလုပ်ဖူးသေးတဲ့ ကာရိုက်တာတွေ လည်း အများကြီးရှိသေးတယ်လေ။ အဲ့ဒါ ကြောင့် ကျွန်တော့်အနုပညာဖန်တီးမှုကို စောင့်ကြည့်ပြီး ဝေဖန်ပေးပါလို့ ပြော ချင်ပါတယ်”ဟုဆိုပါတယ်။ ၄င်းအနေနဲ့ ရွှေရတနာရုပ်ရှင်ထုတ်လုပ်ရေးနှင့်အတူ လက်တွဲရိုက်ကူးခဲ့သော ဇာတ်ကားများ ဖြစ်သည့် ‘ပင်လယ်ပုံပြင်’သရုပ်ဆောင် အိချောပိုနှင့်လည်းကောင်း၊ ဒါရိုက်တာ ပြည်ဟိန်းသစ်ရိုက်ကူးသည့် ‘အောင်သွယ် တော် စိန်အားသစ်’၊ ဒါရိုက်တာ ရွှေပြည် ဂတုံးရိုက်ကူးသော ‘ကျေးညီနောင်အောင် သွယ်’လည်းကောင်း၊ ဒါရိုက်တာ ကိုဇော် အရုဏ်ဦးရိုက်ကူးသော ‘ချန်ပီယံလေး များ’စသည့် ဇာတ်ကားများရိုက်ကူးထား ပြီး မကြာမီ ထွက်ရှိတော့မည်ဟုသိရပါ တယ်။ ယခုမိတ်ဆက်သော ရုပ်ရှင်ဇာတ် ကားသုံးကားဟာဆိုလျှင် ၁၉၉၇ ခုနှစ်က ဒွေးပထမဆုံးအကယ်ဒမီရရှိခဲ့တဲ့ ဒါရိုက် တာခင်မောင်ဦး၊စိုးသိမ်းထွဋ်ရိုက်ကူးသော ‘အမေ့ခြေရာ’ ရုပ်ရှင်ဇာတ်ကားကြီးကို ‘အနဂ္ဃဂုဏ်ဖြာ အမေ့ခြေရာ’ အမည်နဲ့ ပြန်လည်ရိုက်ကူးသွားမည်ဟုသိရပါတယ်။
အမေရိကန်သရုပ် ဆောင်မင်းသားကြီး ဆီလ်ဗက် စတာ စတားလုံးသည် အသက် (၇၀)နှစ်ပြည့် မွေးနေ့ကို မျှော်လင့်မထားသော အမှတ်တရများဖြင့် ကျင်းပခဲ့သည်။

သရုပ်ဆောင် မိုးယုစံတစ်ယောက် ယခု လ ၁၁ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် သူမ အသက် ၂၅နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့သည်။ အဆိုပါ မွေးနေ့ပွဲသို့ နိုင်ငံကျော်အနုပညာရှင်များ၊ မိတ်ကပ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
သူမအနေဖြင့် ချစ်သူသက်တမ်း နှစ်နှစ်ကျော်ရှိပြီဖြစ်သည့် သူမ၏ချစ်သူ ကိုစွမ်းသူမိုးနှင့် လာမည့် အောက်တိုဘာ ၁၈ ရက်တွင် မင်္ဂလာဆွမ်းကျွေးပွဲပြုလုပ် သွားရန်ရှိပြီး ချစ်သူဖြစ်သူကိုစွမ်းသူမိုးက သူမ အသက်၂၅နှစ်ပြည့် မွေးနေ့ပွဲတွင် လက်ထပ်ခွင့်တောင်းဆိုမှုကို မီဒီယာများ နှင့် မိတ်ဆွေအပေါင်း အသင်းများရှေ့တွင် တရားဝင်တောင်းဆိုခဲ့ကြောင်း သိရသည်။
မင်္ဂလာပွဲအခမ်းအနားများကိုလည်း အောက်တိုဘာ ၁၈ရက်တွင် ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာဆွမ်းကျွေးခြင်း ကိုလည်းကောင်း၊ အောက်တိုဘာ ၂ဝ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာစည် သာသနာ့ရိပ်သာတွင် လည်းကောင်း၊စုလျား ရစ်ပတ်ထိမ်းမြားခြင်းကို အောက်တိုဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ Melia Hotel နှင့် အောက်တိုဘာ ၃၁ ရက်တွင် ညစာ စားပွဲကို Novotal Hotel တွင် ကျင်းပသွား မည်ဟု သိရသည်။
Acoustic သီချင်းများ ဖြင့် စီစဉ်ထားသော Myanmar Idol ၏ ဆန်ခါတင်နောက်ဆုံး အဆင့် ပြိုင်ပွဲဝင် ၁၁ ဦး၏ IDOL Acoustica Album ကို ဥက္ကာဦး သာ၏ စီစဉ်မှုဖြင့် ဇူလိုင် ၆ ရက် က ဖြန့်ချိခဲ့သည်။