APEC ထိပ်သီး စည်းဝေးချိန် ဘန်ကောက်မှာ ရဲနဲ့ ဆန္ဒပြသမားတွေ အဓိကရုဏ်းဖြစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ အာရှပစိဖိတ်ဒေသ စီးပွားရေးပူပေါင်းဆောင်ရွက်မှု APEC ထိပ်သီးညီလာခံ ကျင်းပရာ အဆောက်အဦ နဲ့ မလှမ်းမကမ်းနေရာမှာ ဒီမိုကရေစီလိုလားတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြကြသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ကြာသပတေးနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။

ထိုင်း ဝန်ကြီးချုပ် Prayuth Chan Ochar နုတ်ထွက်ဖို့ တောင်းဆိုနေကြတဲ့ ဆန္ဒပြသူတွေကို စုဝေးနိုင်ခြင်း မရှိအောင် ရဲ နဲ့ စစ်သားတွေ ပါဝင်ကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကို ဘန်ကောက်မြို့တော်အနှံ့ ဖြန့်ကျက်ချထားပါတယ်။

ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်ပါက ရုရှားရဲ့အမှားမျိုးဖြစ်လာမယ်လို့ တရုတ်ကို အမေရိကန်သတိပေး

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မယ်ဆိုရင် ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားရဲ့အမှားမျိုးကြုံတွေ့ရမယ်လို့ အမေရိကန်စစ်ဘက်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် မာ့ခ်မီလီ က သတိပေး ပြောကြားလိုက်ပါတယ်။ သမ္မတ ရှီကျင့်ဖျင်ဟာ ကွန်မြူနစ်ပါတီအစည်းအဝေးမှာ ရာထူးသက်တမ်းသုံးကြိမ်ဆက် ထမ်းဆောင်ခွင့်ရခဲ့ပြီး ထိုင်ဝမ်ကျွန်းကို ပြန်လည်ပေါင်းစည်းရေးဟာ သူ့ရဲ့အဓိကရည်မှန်းချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။  ဒါပေမဲ့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ် မာ့ခ်မီလီ က “တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်ကိုကျူးကျော်ခဲ့ရင် ယူကရိန်းကိုကျူးကျော်တဲ့ ရုရှားရဲ့ မဟာအမှားကြီးလို ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ ဥာဏ်နည်းလွန်းရာလည်း ရောက်ပါတယ်” လို့ ပြောကြားခဲ့တာပါ။ -Ref:VOA

ဂျပန်က ခရီးသွားကဏ္ဍကို ပြန်ဖွင့်ပြီးနောက် နိုင်ငံခြား ခရီးသွားများနှင့် ပြန်လည် စည်ကားလာ

ဂျပန်နိုင်ငံတွင် ခရီးသွားကဏ္ဍကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးလိုက်သည့် ပထမဆုံးလဖြစ်သည့် အောက်တိုဘာလ၌ပင် နိုင်ငံခြားဧည့်သည်  ၅ သိန်းနီးပါး လာရောက်လည်ပတ်ခဲ့ကြသည်။

ဂျပန်နိုင်ငံသည် ကမ္ဘာ့အတင်းကျပ်ဆုံး နယ်စပ်ထိန်းချုပ်ရေး စီမံချက်အချို့ကို အောက်တိုဘာ ၁၁ ရက်နေ့တွင် ရပ်ဆိုင်းခဲ့ပြီး ၀န်ကြီးချုပ် ဖူမီယို ကီရှီဒါကလည်း ကျဆင်းလာသော စီးပွားရေးကို ပြန်လည်အား‌ကောင်း လာ‌စေရန်အတွက် ခရီးသွားလုပ်ငန်းကိုသာ အားကိုးလျက်ရှိသည်။

မြောက်ကိုရီးယားသည် တုံ့ပြန်မှုများ ပြင်းထန်လာမည်ဟု သတိပေး ပြီး နာရီပိုင်းအကြာတွင် ဒုံးကျည်တစ်စင်း ပစ်ခတ်ခဲ့

မြောက်ကိုရီးယားသည် အမေရိကနှင့် ၎င်း၏ မဟာမိတ်များအား စစ်ရေးအရ တုံ့ပြန်မှု ပိုမိုပြင်းထန်လာမည်ဟု သတိပေးပြီးနောက် နိုဝင်ဘာလ ၁၇ ရက် ကြာသပတေးနေ့တွင် တာတိုပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းအား ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

ဝါရှင်တန်သည် မြောက်ကိုရီးယား၏ ရန်စလာမှုများကို တုံ့ပြန်သည့်အနေဖြင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လာပြီး ပူးတွဲ စစ်ရေးလေ့ကျင့်မှုများကိုလည်း အရှိန်မြှင့် လုပ်ဆောင် လာခဲ့လေသည်။

ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းသွားမယ်ဆိုတဲ့ ဂျက်ဖ် ဘေးဇို့စ်

Amazon တည်ထောင်သူ ဂျက်ဖ် ဘေးဇို့စ်ဟာ ပေါင် ၁၀၇ ဘီလျံရှိတဲ့ သူ့ရဲ့ချမ်းသာကြွယ်ဝမှုအများစုကို လှူဒါန်းပေးဝေဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၅၈ နှစ်အရွယ် ဘေးဇို့စ်က ဒီအစီအစဉ်ကို အင်တာဗျူးတစ်ခုမှာ ကြေညာသွားခဲ့တာပါ။ သူ့ရဲ့ငွေကြေးအမြောက်အများကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းချင်တယ်လို့ သူက ပြောပါတယ်။

၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်အရွေးချယ်ခံမည်ဟု ဒေါ်နယ်ထရမ့်ကြေညာ

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် မိမိသည် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရန် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။

ဖလော်ရီဒါပြည်နယ် Palm Beach ရှိ သူ၏ Mar-a-Lago အပန်းဖြေစံအိမ်၌ ရာနှင့်ချီသော ထောက်ခံသူများအား အင်္ဂါနေ့ညက မိန့်ခွန်းပြောကြားရာတွင် မိန့်ခွန်းမစတင်မီထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသည် လပေါင်းများစွာတိုင်အောင် သူနောက်ပြောင်ပြောဆိုနေခြင်းကို တရားဝင်အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုင်းမှာ လျှပ်စစ်ကားတွေ စတင်ရောင်းချတော့မယ့် တိုယိုတာ

ဂျပန်အခြေစိုက် တိုယိုတာ ကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ လျှပ်စစ်ကားအမျိုးအစားသစ် တစ်မျိုးကို စတင်ရောင်းချတော့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယူကရိန်းအား စစ်လျော်ကြေးပေးရန် ရုရှားကို ကုလသမဂ္ဂက တောင်းဆို

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခြင်းဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခဲ့သော ရုရှားအား နောက်ဆက်တွဲ ကိစ္စအားလုံးအတွက် တာဝန်ယူခိုင်းမည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ထိုကိစ္စများထဲတွင် စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှုများနှင့် အသက်ဆုံးရှုံးခဲ့သူများအတွက် လျော်ကြေးငွေများ ပေးဆောင်ရန် ပါဝင်သည်။

စလိုဗေးနီးယားတွင် ရှေ့နေ နာတာဆာမူဆာ ပထမဆုံးအမျိုးသမီးသမ္မတ ဖြစ်လာ

အလွတ်တန်းရှေ့နေ နာတာဆာ မူဆာဟာ နိုဝင်ဘာ ၁၃ ရက်က စလိုဗေးနီးယားသမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာဖို့ရှိနေတယ်လို့ ကနဦး မဲရလဒ်တွေအရ သိရပါတယ်။

အစ္စတန်ဘူလ်မြို့ပေါက်ကွဲမှုတွင် ခြောက်ဦးသေဆုံးပြီး ၈၀ ကျော်ဒဏ်ရာရ

တူရကီနိုင်ငံ မြို့လယ်က လူရှုပ်တဲ့နေရာတစ်ခုမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူခြောက်ဦး သေဆုံးကာ ၈၁ ဦး‌ ဒဏ်ရာရရှိခဲ့ကြောင်း တူရကီအရာရှိတွေက ပြောကြားပါတယ်။ တက်ဆင် ရင်ပြင် ဧရိယာက ဈေးဆိုင်တွေနဲ့ စည်းကားတဲ့လမ်းမှာ ညနေ လေးနာရီ ၂၀ မိနစ်လောက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးမှူးက ပြောကြားပြီး မသင်္ကာသူတစ်ဦးကို ဖမ်းဆီးထားတယ်လို့လည်း တူရကီ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ ပေါက်ကွဲမှုက အမျိုးသမီးတစ်ဦးကလုပ်ဆောင်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုလို့ ထင်မြင်ရကြောင်း ဒုတိယသမ္မတ ဖူရက်အော့တေးက စောစောပိုင်းမှာ ပြောပါတယ်။