
မြောက်ကိုရီးယားအနေဖြင့် နျူကလီး ယားလက်နက်များ အသုံးပြုမည်ဆိုပါက အ မေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပြီး ထိရောက်စွာ တုံ့ပြန်ရန် စီစဉ်ထားသည်ဟု အိမ်ဖြူတော်က ဇန်နဝါရီ ၃ ရက်တွင် သတိပေးခဲ့သည်။ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့သည် မြောက်ကိုရီးယား၏ နျူကလီးယား လက်နက် အသုံးပြုမှုအပါအဝင် အနာဂတ် ဖြစ်နိုင်ခြေများကို ထိရောက်စွာ ပူးပေါင်းတုံ့ပြန်ရေး အစီအစဉ်ဆွဲရန် ၎င်းတို့၏ အဖွဲ့များကို တာဝန်ပေးခဲ့သည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ (NSC) ပြောရေးဆိုခွင့်ရှိသူက အိမ်ဖြူတော်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု အပေါ် မဟာမိတ်များ၏ တုံ့ပြန်မှု အပေါ် မီဒီယာ သတင်းထုတ်ပြန်မှုများ ပေါ်ပေါက်ခဲ့ပြီး မရေရာမှုများ ဖြစ်ပွားခဲ့ပြီး နောက် NSC က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။






