
လေထုညစ်ညမ်းစေသောအမှုန်များက ၂၀၂၀ ခုနှစ်တွင် ဥရောပသမဂ္ဂ၌ အချိန်မတိုင်မီ သေဆုံးသူ ၂၃၈,၀၀၀ ရှိစေခဲ့သည်ဟု ဥရောပသမဂ္ဂ(အီးယူ)၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာစောင့်ကြည့်ရေးအေဂျင်စီကနိုဝင်ဘာ ၂၄ ရက် တွင် ထုတ်ပြန်လိုက်ပြီး ထိုအရေအတွက်သည် ယခင်နှစ်ကထက် အနည်း ငယ်များလာခြင်းဖြစ်သည်ဟု ဆိုသည်။ “အဲ့ဒီနှစ်မှာ အီးယူအဖွဲ့ဝင် ၂၇ နိုင်ငံမှာ ၂၀၂၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) လမ်းညွှန်ချက် အဆင့်အထက် မှာရှိတဲ့ လေထုညစ်ညမ်းအမှုန်အမွှားတွေနဲ့ထိတွေမှုကြောင့် အချိန်မတိုင်မီ သေဆုံးသူ၂၃၈,၀၀၀ ရှိခဲ့ပါတယ်”ဟု ထုတ်ပြန်ချက်အသစ်တွင် ဥရောပပတ်ဝန်းကျင်အေဂျင်စီက ဖော်ပြခဲ့သည်။









