
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ ညဘက် လူစည်းကားသည့်နေရာတစ်ခုတွင် အောက်တိုဘာ ၂၉ ရက်က Halloween ပွဲတော် (တစ္စေကြီးများပွဲတော်) ကျင်းပချိန်အတွင်း လူအုပ် ကသောင်းကနင်းဖြစ်ပွားခဲ့ပြီး လူ ၁၅၁ ဦးသေဆုံးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် နိုင်ငံတော်အဆင့် ဝမ်းနည်းဖွယ် ကာလအဖြစ် သမ္မတ ယွန်းဆက်ယိုက အောက်တိုဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။









