
ယူကရိန်းစစ်ပွဲနှင့် အခြားသောပဋိပက္ခများ၊ ရာသီဥတုအရေးပေါ်အခြေအနေများ၊ တငွေ့ငွေ့လောင်နေဆဲ ကူးစက် ရောဂါ၊ က နောက်ထပ်ပြည်သူများကို အကျပ်အတည်းထဲသို့လည်းကောင်း၊ ပြည်သူအချို့ကို အငတ်ဘေးသို့ လည်းကောင်း တွန်းပို့နေသောကြောင့် ကုလသမဂ္ဂက နောက်နှစ် အကူအညီအတွက် စံချိန်တင် ရန်ပုံငွေများကို မေတ္တာရပ်ခံခဲ့သည်။ ကမ္ဘာတစ်ဝန်းတွင်ပြည်သူ ၃၃၉ သန်းသည် လာမည့်နှစ်တွင် အကူအညီ ပုံစံတစ်မျိုးမျိုး လိုအပ်လာလိမ့်မည်ဟု ကုလသမဂ္ဂ၏ နှစ်စဉ် Global Humanitarian Overview က ခန့်မှန်းထားရာ ထိုအရေအတွက်သည် လွန်ခဲ့သောနှစ်ကထက် လူသန်း ၆၀ ပိုများလာသည်ဟု ဆိုသည်။






