
အမေရိကန်ပြည်ထောင်စုအနေနဲ့ မြောက်ကိုရီးယားနဲ့ နျူးကလီးယားလျော့ချရေး ဆွေးနွေးရေးကိစ္စဟာ အကောင်အထည်ပေါ်ပေါက်လာဖို့အတွက် ကာလရှည်ကြာပါဦးမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက် တေလာဆင်က ပြောပါတယ်။
ပထမဆုံးအကြိမ် အာဖရိကခရီးစဉ်အတွင်း အိသီယိုးပီးယားနိုင်ငံကို ရောက်ရှိစဉ်မှာ ပြောဆိုခဲ့တာပါ။
မြောက်ကိုရီးယားဘက်က ပြသနေတဲ့ အရိပ်လက္ခဏာတွေဟာ အပြုသဘောဆောင်ပေမယ့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းရေးကိစ္စဟာ လောလောဆယ် ဖြစ်လာဦးမှာ မဟုတ်သေးဘူး လို့လည်း ပြောပါတယ်။









