
ပေကျင်း ဖေဖော်ဝါရီ ၂၅

ပေကျင်း ဖေဖော်ဝါရီ ၂၅

ကမ္ဘောဒီးယားဝန်ကြီးချုပ်၊ ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ဥက္ကဋ္ဌ ဟွန်ဆန်က လွှတ်တော်ရွေးကောက်ပွဲအတွင်း မဲစာရွက်တစ်ခုကို ပြသနေစဉ် (Samrang Pring/REUTERS)
အတိုက်အခံအပေါ် နှိမ်နင်းပြီး ဝန်ကြီးချုပ်ဟွန်ဆန်၏လက်ရှိအာဏာရပါတီက သိမ်းကျုံးအနိုင်ရရန် မျှော်မှန်းထား သည့် အထက်လွှတ်တော်ရွေး ကောက်ပွဲ၌ ဖေဖော်ဝါရီ ၂၅ ရက် တွင် မဲပေးခဲ့သည်။

ဝါရှင်တန်၊ အမေရိကန်ပြည်ထောင်စု၊ ဖေဖေါ်ဝါရီ ၂၃
အမေရိကန်ဒုသမ္မတမိုက်ခ်ပန့်စ်က ပြီးခဲ့သော တောင်ကိုရီးယားအိုလံပစ်အခမ်းအနား၌ သူ၏ အနီးတွင် ထိုင်ခဲ့သော မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်း၏ ညီမဖြစ်သူသည် ပြည်သူသန်းပေါင်းများစွာကို ဖိနှိပ်ချုပ် ချယ်သော ယုတ်ညံ့သည့်ဂိုဏ်းဂဏစွဲမိသားစုဝင်ဖြစ်သည်ဟု ကြာသာပတေးနေ့က ပြင်းပြင်းထန်ထန် ထိုးနှက် ပြောဆိုခဲ့သည်။

ဝါရှင်တန် ဖေဖော်ဝါရီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ၄င်း၏ပထမဆုံးစီးပွားရေး အစီရင်ခံစာကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အစီရင်ခံစာ၌ ထရန့်က နိုင်ငံတကာ ကုန်သွယ်မှုသည် တရုတ်နိုင်ငံကဲ့သို့သော အချို့နိုင်ငံများကြောင့် ပိုမိုတင်းမာ လာခဲ့ပြီး ယင်းနိုင်ငံများသည် လွတ်လပ် သည့်ဈေးကွက်ကို အနေအထားပျက် ယွင်းအောင် လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။

ဓာတ်ပုံ – ရိုက်တာ
အီရန်တွင် ပျက်ကျခဲ့သည့် ခရီးသည်တင် လေယာဉ်၌ လိုက်ပါသွားသူ ၆၆ ဦးစလုံး သေဆုံးသွားပြီဟု ယုံကြည်ရကြောင်း သိရှိရသည်။
Aseman လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်သည် ဖေဖော်ဝါရီ ၁၈ ရက်က တောင်ထူထပ်ရာ ဇာဂရော့စ် ဒေသတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း ၆၆ ဦး လိုက်ပါခဲ့ပြီး အားလုံး၏ ကံကြမ္မာမှာ အဆိုးဆုံး ကြုံသွားနိုင်ကြောင်း လေကြောင်းလိုင်းက ဝန်ခံ အတည်ပြုထားသည်။

မြူးနစ်၊ ဂျာမနီ၊ ဖေဖေါ်ဝါရီ ၁၉
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နီတန်ယာဟုက ဆီးရီးယားနိုင်ငံအတွင်းသို့ အီရန်နှင့် သူ၏ကိုယ်စားပြုအဖွဲ့များ ကျူးကျော် ၀င်ရောက်လာမှုနှင့်ပက်သက်၍ အီရန်အစိုးရအား သတိပေးလိုက်ပြီး အစ္စရေးအနေဖြင့် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်မည့်အလုပ်ကို လုပ်မည်မဟုတ်ကြောင်း တနင်္ဂနွေနေ့က ပြောဆိုခဲ့သည်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ပြုလုပ်ခဲ့သော လုံခြုံရေးညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်ခိုက် နီတန်ယာဟုသည် အီရန်အစိုးရအဖွဲ့မှ အာဏာရှင်များကို သတင်းစကားပါးလိုက်သည်ဟု ရည်ရွယ်ပြောဆိုကာ “အစ္စရေးတို့ရဲ့ သံန္နိဌာန်ကိုလာမစမ်းနဲ့” ဟု သတိပေးခဲ့သည်။

တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် လာဆာရှိ နာမည်ကျော် ဇုဟန်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်က မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
အဲဒီ ဇုဟန်း ဘုန်းတော်ကြီးကျောင်းဟာ ယူနက်စကို အသိမှတ်ပြု ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် တခုဖြစ်ပြီး နှစ်ပေါင်း ၁,၀၀၀ ကျော် သက်တမ်းရှိတယ်လို့ တိဘက်ဒေးလီး သတင်းဌာနက ဆိုပါတယ်။
အမေရိကန်အခြေ စိုက် ရုရှားသတင်းဌာနဖြစ်သော RIA Global LLC သည် အမေရိကန်တရားရေးဌာနထံ ပြည်ပ အေးဂျင့်အဖြစ် မှတ်ပုံတင်ခဲ့ပြီး ယင်းမှာ နိုဝင်ဘာက အမေရိကန် အစိုးရ၏ ဖိအားပေးခြင်းခံရပြီးနောက် မှတ်ပုံတင်သည့် ရုရှားနှင့် ဆက်နွှယ်သော စတုတ္ထမြောက် မီဒီယာကုမ္ပဏီဖြစ်သည်။
ရုရှားနိုင်ငံပိုင် သတင်းဌာန ဖြစ်သော Sputnik အတွက် အာဘော်ထုတ်လွှင့်ပေးနေသော RIA Global သည် ပြည်ပအေးဂျင့် မှတ်ပုံတင်အက်ဥပဒေ (FARA) အရ ဖေဖော်ဝါရီ ၁၆ ရက်က မှတ်ပုံတင်ခဲ့သည်။

တောင်အာဖရိက သမ္မတသစ် ဆိုင်ရဲလ် ရာမာဖိုဆာက နိုင်ငံ၏ အဂတိ လိုက်စားမှု ပြဿနာကို အစွမ်းကုန် တိုက်ဖျက်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။
၂၀၀၉ ခုနှစ်ကတည်းက သမ္မတအဖြစ် ရှိနေခဲ့သည့် ဂျက်ကော့ဘ် ဇူးမားသည် အဂတိ လိုက်စားမှု စွပ်စွဲချက်များနှင့် ဆက်တိုက် ဝေဖန်ခံခဲ့ရသည့်နောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၎င်း၏ နေရာကို ဒုတိယ သမ္မတ ရာမာဖိုဆာက ဆက်ခံခဲ့ခြင်း ဖြစ်သည်။

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၅
နီပေါဝန်ကြီးချုပ်သည် ၎င်း၏ပါတီက လွှတ်တော်ရွေးကောက်ပွဲတွင် မဲရှုံးပြီးနောက် နုတ်ထွက်လိုက်ရရာ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ရန် ရှိနေသည်။
နိုဝင်ဘာနှင့် ဒီဇင်ဘာက ရွေးကောက်ပွဲ အပြီးသတ် ရလဒ်ထွက်လာပြီးနောက်တစ်ရက်တွင် ဝန်ကြီးချုပ် ရှားဘာဟာဒေါဒူးဘားက ရာထူးက နုတ်ထွက်ကြောင်း ကြေညာခြင်း ဖြစ်သည်။