
ဂျပန်နိုင်ငံ၌ ရွေးကောက်ပွဲများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်ယှဉ်ပြိုင်မှုကို မြှင့်တင် အားပေးမည့် ဥပဒေတစ်ရပ် ပေါ်ထွန်းလာပြီဖြစ်ကြောင်း၊ နိုင်ငံရေးတွင် အမျိုးသမီးများ ကိုယ်စားပြုပါဝင်မှု နည်းပါးနေဆဲဖြစ်သော ဂျပန်နိုင်ငံ၌ အမျိုးသားနှင့် အမျိုးသမီး သာတူညီမျှမှုရှိရေးအတွက် ယင်းဥပဒေမှာ အရေးကြီးလှကြောင်း ဒေသဆိုင်ရာသတင်းဌာနများက ယနေ့တွင် သတင်းထုတ်ပြန်သည်။









