
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ စေ့စပ်ဆွေးနွေးပွဲကိစ္စ ဆွေးနွေးဖို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို ထွက်ခွာသွားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ စေ့စပ်ဆွေးနွေးပွဲကိစ္စ ဆွေးနွေးဖို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ဟာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ကို ထွက်ခွာသွားပါတယ်။

Photo: President Donald J. Trump – facebook
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန် အသိဥာဏ်ပစ္စည်း မူပိုင်ခွင့်ကို တရုတ်နိုင်ငံက ခိုးယူရယူနေတာကို မကြာခင် ကိုင်တွယ်ဖြေရှင်းခွင့်ရတော့မယ်လို့ အိမ်ဖြူတော် အကြံပေးပုဂ္ဂိုလ် Peter Navarro က မနေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးပါတီသစ်ထောင်လိုက်တဲ့ ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီး Thanathorn Juangroongruangkit
( မတ် ၁၅-၂၀၁၈)
ထိုင်းနိုင်ငံက ကုဋေကြွယ်သူဌေးကြီးတဦးဖြစ်တဲ့ Thanathorn Juangroongruangkit က Future Forward ပါတီလို့ အဓိပ္ပါယ် ရတဲ့ Anakot Mai ဆိုတဲ့ နိုင်ငံရေးပါတီသစ် တခုကို ထူထောင်တဲ့အကြောင်း ကြာသပတေးနေ့ က ကြေညာပါတယ်။

ဝါရှင်တန်၊ မတ် ၁၅
ပြီးခဲ့သည့်လက ဖလော်ရီဒါပြည်နယ်က အထက်တန်းကျောင်းဝင်းအတွင်း လက်နက်ကိုင် ထင်ရာစိုင်းပစ်ခတ်သည့် သေဆုံးမှုများသော တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း လက်နက်ကိုင် အကြမ်းဖက်မှုများကို ဆန့်ကျင်ကာ အရေးယူဆောင်ရွက်ပေးနိုင် အမေရိကန်နိုင်ငံတစ်ဝန်းက ကျောင်းသားများက စာသင်ခန်းများမှ ထွက်ကာ အရေးဆိုမှုများကို မတ် ၁၄ ရက်က ဆင်နွှဲကြသည်။

ကုလသမဂ္ဂ၊ မတ် ၁၅
ဗြိတိန်၌ ရုရှားစပိုင်ဟောင်းတစ်ဦး အာရုံကြောကိုထိခိုက်စေသော ဓာတုပစ္စည်းနှင့်တိုက်ခိုက်ခံရမှုနောက်ကွယ်၌ အဓိကတာဝန်ရှိသူမှာ ရုရှားတို့သာဖြစ်သည်ဟု အမေရိကန်တို့ဘက်မှ ယုံကြည်ကြောင်း ကမ္ဘာ့ကုသလမဂ္ဂ၌ အမေရိကန်သံအမတ် နစ်ကီဟာလေက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
“စစ်သုံးအာရုံကြောလက်နက်ကိုအသုံးပြုပြီး ဗြိတိန်က ရုရှားစပိုင်ဟောင်းတစ်ဦးနဲ့ အခြားလူတစ်ဦးကို တိုက်ခိုက် ခဲ့တဲ့ဖြစ်စဉ်နောက်ကွယ်က အဓိကတာဝန်ရှိသူဟာ ရုရှားတို့ဖြစ်တယ်လို့ အမေရိကန်ဘက်မှ ယုံကြည်ပါတယ်” ဟု ဟာလေက ယင်းဖြစ်စဉ်နှင့်ပက်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ အရေးပေါ်ဆွေးနွေးပွဲ ပြုလုပ်စဉ် တွင် ပြောကြားခဲ့သည်။

လန်ဒန်မြို့က ရုရှားသံရုံး
ဗြိတိန်မြေပေါ်မှာ ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူ Yulia တို့ကို ရုရှားလုပ် အာရုံကြော ထိခိုက်စေတဲ့ အဆိပ်သုံး တိုက်ခိုက်မှု ဘယ်လိုဖြစ်ပွါးခဲ့တယ်ဆိုတာ ဖြေရှင်းဖို့ ရုရှားကိုတောင်းဆိုခဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမတုန့်ပြန်ခဲ့တဲ့အတွက် ရုရှား သံအမှုထမ်း ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်တာအပါအဝင် အရေးယူတုန့်ပြန်မှုတွေလုပ်လိုက်ကြောင်း ဗြိတိသျှအစိုးရက ကြေညာပါတယ်။

နိုင်ငံတကာရာဇ၀တ်မှုခုံရုံး (အိုင်စီစီ) အပေါ် ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာသဘောတူ စာချုပ်ကနေ ဖိလစ်ပိုင်နှုတ်ထွက်ပြီဆိုပြီး သမ္မတ ရိုဒရီဂို ဒူတာတေးက မတ်လ ၁၄ ရက်မှာ ပြောလိုက်ပါတယ်။
၎င်းလက်ထက် လုပ်ဆောင်နေတဲ့ မူးယစ်စစ်ပွဲအပေါ် စုံစမ်းစစ်ဆေးမှုများလုပ်နေတဲ့ အိုင်စီစီကနေ ထွက်ဖို့ ယခုလို သမ္မတ ဒူတာတေး ဘက်က ပြင်ဆင်လုပ်ဆောင်လာတာဖြစ်ပါတယ်။

ကမ္ဘာကျော် ဗြိတိသျှ သိပ္ပံ ပညာရှင်ကြီး စတီဗင် ဟောကင်း (အသက် ၇၆ နှစ်) ကွယ်လွန်သွားပြီလို့ မိသားစု ပြောခွင့်ရသူက ပြောပါတယ်။
စတီဗင်ဟောကင်းဟာ “အချိန်ရဲ့သမိုင်းအကျဉ်း” စာအုပ် အပါအဝင် နာမည်ကြီး သိပ္ပံဆိုင်ရာ ကျမ်းတွေ ပြုစုခဲ့သလို စကြ၀ဠာ အာကာသထဲက တွင်းနက်တွေ အကြောင်းနဲ့ နှိုင်းရ သဘောတရား တွေမှာလည်း အကြီးအကျယ် ပြောင်းလဲစေခဲ့သူ အဖြစ် လူသိများပါတယ်။

ပြီးခဲ့တဲ့နှစ်က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက မာရာဝီမြို့ကို သိမ်းယူခဲ့တဲ့ အစ္စလာမ္မစ် အစွန်းရောက်တပ်တွေကို ဦးဆောင်ခဲ့သူတဦးဖြစ်တဲ့ မလေးရှားနိုင်ငံသား အာမင်- ဘာကူးဟာ ဒေသတွင်း အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် ဖြစ်လာတော့မယ်လို့ မလေးရှား အမျိုးသားလုံခြုံရေးအဖွဲ့ အရာရှိကြီးတဦးကပြောပါတယ်။

မြောက်ကိုးရီးယား၊ ရုရှားနဲ့ အီရန်အရေးကိစ္စတွေအပေါ်မှာ သဘောထားကွဲတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကို မတ်လ ၁၃ ရက်နေ့က ရာထူးကနေ ချက်ချင်းဖယ်ရှားလိုက်ပါတယ်။
ဒီ့နောက် သမ္မတနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိတဲ့ CIA ညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဒီလို ရာထူးကနေ ဖယ်ရှားလိုက်တာကို သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တကမ္ဘာလုံးသိအောင် ရေးသားခဲ့ပါတယ်။