
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နျူကလီးယားလက်နက် သဘောထား သုံးသပ်ချက်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
အဲဒီသုံးသပ်ချက်ဟာ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကွယ်က ရည်မှန်းချက်တွေနဲ့ ပတ်သက်လို့ ရဲရဲတင်းတင်း ခန့်မှန်းပြောကြားထားပြီး တရုတ်နိုင်ငံရဲ့ နျူကလီးယားလက်နက် အင်အားအပေါ် ခြိမ်းခြောက်တဲ့သဘော ဆောင်တယ်လို့ တရုတ်စစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ် Ren Guoqiang က ဆိုပါတယ်။









