
ပြည်သူလူထု၏ အကျိုးကို ရှေးရှုပြီး ဆေဝါးများကို ဈေးတင် မရောင်းကြရန် ဆေးဝါးနှင့် ဆေးပစ္စည်းတင်သွင်းသည့် လုပ်ငန်းရှင်များကို မှာကြားထားကြောင်း ကျန်းမာ ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။ ဇူလိုင်လ (၂၆) ရက်က နေပြည်တော်တွင်ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။လက်ရှိဈေးကွက်အတွင်း ဆေးဝါးဈေးနှုန်းများ မြင့်တက်ခြင်းနှင့် ပတ်သက်၍ သတင်းထောက်တစ်ဉီး၏ မေး မြန်းမှုကို ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။








