အာဆီယံနှင့် တရုတ်နိုင်ငံကြား လေယာဉ် မတော်တဆထိခိုက်မှုဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေး MoU ၌ မြန်မာပါဝင်ရန် လွှတ်တော်သို့ တင်ပြ

 

လေယာဉ်ထိခိုက် မှုဖြစ်စဉ်များတွင် အာဆီယံနှင့် တရုတ်နိုင်ငံ မြို့ပြလေကြောင်း အုပ်ချုပ်ရေးအဖွဲ့တို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ၌ မြန်မာနိုင်ငံပါဝင် ရေးထိုးနိုင်ရေး အောက်တိုဘာ ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ အစိုးရအဖွဲ့က တင်ပြခဲ့သည်။ အဆိုပါနားလည်မှု စာချွန်လွှာသည် မြန်မာနိုင်ငံအပါအ၀င် အပြည်ပြည်ဆိုင်ရာမြို့ပြလေ ကြောင်းအဖွဲ့ချုပ် (ICAO) အဖွဲ့ဝင် နိုင်ငံများ လိုက်နာရသည့် နိုင်ငံတကာစံချိန်စံညွန်း၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ လေယာဉ် မတော်တဆ ထိခိုက်မှု၊   စုံစမ်းစစ်ဆေးရေးကိစ္စရပ်များတွင်    ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ချုပ်ဆိုသည့် နားလည်မှု စာချွန် လွှာဖြစ်ကြောင်း အစိုးရအဖွဲ့ကိုယ်စား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ရှမ်းနှင့် ရခိုင်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပရန် ညှိနှိုင်းမှု မပြေလည်သေး

 

ရှမ်းနှင့် ရခိုင်ပြည် နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရေး ပြေ လည်မှု မရသေးကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အဖွဲ့ ဝင်များက ပြောသည်။ နေပြည်တော်၌ အောက်တိုဘာ ၃၀ ရက်က ကျင်းပသော UPDJC အစည်းအဝေး ပထမနေ့ တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် ကျန်နေသည့် ရှမ်းနှင့် ရခိုင်ဒေသ၌  အစည်းအဝေးများကျင်းပနိုင်ရေး ဆွေးနွေးခဲ့ သည်။

စစ်တွေပြည်ခိုင်ဖြိုးပါတီ ဘုန်းကြီးကျောင်းခြံဝင်းသန့်ရှင်းရေး လုပ်အားဒါန ပြုလုပ်

စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၃၀ .၁၀ .၂၀၁၇ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်က စစ်တွေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းရီ ဦးဆောင်သော ရပ်/ကျေးအမျိုးသမီးရေးရာ ကော်မတီဝင်များသည် ရွာကြီးမြောက်ရပ်ကွက် လရောင်ဝင်းဘုန်တော်ကြီးကျောင်း ခြံဝင်းအား သန့်ရှင်းရေး လုပ်အားဒါနပြုလုပ်ခဲ့ကြသည်။

ခိုင်ဖြိုး(စစ်တွေ)

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ် စုပေါင်းဘုံကထိန်သို့ ပဒေသာပင်များ လှူဒါန်း

မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၃၁.၁၀.၂၀၁၇ ရက်နေ့ မြို့နယ် စုပေါင်း ဘုံကထိန်သို့ ပဒေသာပင်လှူဒါန်းငွေ ကျပ်(၂၁၂၀၀၀) ၊ ပြည်ခိုင်ဖြိုး ကားဂိတ်အဖွဲ့ နှင့် ဈေးသူ/သားများမှ လှူဒါန်းငွေ ကျပ် (၄၉၈၁၀၀)ကျပ် စုစုပေါင်း မိုးမိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျပ် (၇၁၀၁၀၀) စုပေါင်း၍် ပဒေသာပင် (၃) ပင်ဖြင့် သွားရောက်လှူဒါန်းမည်ဖြစ်ပါသည်။

ရခိုင်ဒေသမှာ NVC ကတ်ထုတ်တဲ့သူ ရာကျော်တိုးလာ

ရခိုင်ပြည်နယ်အတွင်း NVC ခေါ် နိုင်ငံသားစိစစ်ရေး ကတ်ပြားတွေ ထုတ်ပေးရေးအတွက် လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ကွင်းဆင်း ဆောင်ရွက်နေရာမှာ NVC ကတ်တွေ မထုတ်ယူကြဖို့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အခုအခါ NVC ကတ်ထုတ်ယူမှု အခြေအနေ အနည်းအပါး တိုးတက်လာတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ပြောပါတယ်။

NVC ကတ်လုပ်ရာမှာ ပူးပေါင်းကူညီတဲ့ ရွာသူကြီးတွေ အသတ်ခံရတာ ၁၇ယောက် ရှိပြီး ၃ယောက် ပျောက်နေတယ်လို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

မထိပါးရဲသည့်နိုင်ငံ ဖြစ်လာစေရေး ခေါင်းဆောင်များက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လက်ဆင့်ကမ်းရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

 

နိုင်ငံတကာအလယ်တွင် မည်သူမျှ ထိပါးစော်ကားခြင်း မပြုလုပ်ရဲသည့်နိုင်ငံ ဖြစ်လာစေရေး လက်ရှိ ခေါင်းဆောင် များအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို လက်ဆင့်ကမ်းပေးရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။

နိုင်ငံတော်စီမံကိန်းများအတွက် မြေသိမ်းရန်လိုလျှင် တရားမျှတစွာ ဆောင်ရွက်နိုင်ရန် မြေသိမ်းဥပဒေကို အမျိုးသားလွှတ်တော်သို့တင်သွင်း

နိုင်ငံတော်၏စီး ပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်စီမံကိန်းများတွင် မြေသိမ်းရန်လိုအပ်ပါက တရားမျှတစွာ သိမ်းဆည်းနိုင်ရေး အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာကော်မတီက ၂၀၁၇ မြေသိမ်း ဥပဒေကို အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍ အထူးဦးစားပေးဆွေးနွေးရန် UPDJC ဆုံးဖြတ်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစုပင်လုံ တတိယအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍကို အထူး ဦးစားပေး ဆွေးနွေးရန် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ ၃၀ ရက်တွင်နေပြည်တော်၌ ကျင်းပခဲ့သည့် UPDJC အစည်းအဝေးပထမနေ့ တွင် ယခုကဲ့သို့ သဘောတူညီချက် ရခဲ့သည်။

ပြည်ခိုင်ဖြိုးတီမှ အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ အလှူငွေများ လှူဒါန်း

စစ်တွေမြို့နယ် အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၌ လိုအပ်လျက်ရှိသော ကုဋီတစ်လုံး တည်ဆောက်ရန်အတွက် အလှူငွေကျပ် ငါးသိန်းအား ယနေ့ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများသည် အဆိုပါဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ လှူဒါန်းခဲ့ကြသည်။

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မိုးကုတ်ဝိပဿနာဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်သို့ ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်း

ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် ရုံးအဖွဲ့များသည် (၂၉-၁၀-၂၀၁၇ ) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် ရွှေနတ်တောင်ဘုန်းတော်ကြီးကျောင်းတိုက်သို့ စုပေါင်းဘုံကထိန်တွင် သွားရောက် ကူညီဆောင်ရွက်၍ ပါဝင်လှူဒါန်းခဲကြပြီး ( ၁၀း၂၀) နာရီအချိန်တွင် မိုးကုတ်ဝိပဿနာဘုန်းတော်ကြီးကျောင်း စုပေါင်းဘုံကထိန်သို့ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုတို့ကို ဆရာတော်ကြီးထံ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

credit >>> ko zaw