မိုးညှင်းမြို့နယ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးညှင်း (အောက်တိုဘာ-၃၀)

မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ နေ့လည် ၁ နာရီ အချိန်၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရာ မိုးညှင်းခရိုင်ကော်မတီ ဥက္ကဌ ဦးစိန်ဝင်းထွန်း၊ မြို့နယ်ဥက္ကဌ ဦးကြည်စိုး၊ အတွင်းရေးမှူး ဦးဌေးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက်ပြီး ပါတီလုပ်ငန်းပိုင်းဆိုင်ရာများ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း သိရပါသည်။

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ

ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ၁၉၉၃ ခုနှစ် သဘောတူညီချက် ကို ပြုပြင်ရန် ဆွေးနွေးနေသည့်အချက်များ ပြည်သူလူထုအား ပွင့်လင်း မြင်သာစွာချပြရန် ပြည်ခိုင်ဖြိုးပါတီ တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ရောက်ရှိနေသည့် ဘင်္ဂါလီများ ပြန်လည် လက်ခံရေးအတွက် ၁၉၉၃ ခုနှစ် သဘောတူညီချက်အားပြုပြင်ရန် ဆွေးနွေးနေသည့် အချက်များကို ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ ချပြရန်လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ရန်ကုန်မြို့ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် (ရန်ကုန်) တွင် အောက်တိုဘာ ၃၀ ရက်က လတ်တလော ဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူ များနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦးက ဘင်္ဂါလီများ ပြန်လည်လက်ခံရေးအတွက် ယခင်နှစ်နိုင်ငံ ၁၉၉၃ ခုနှစ် သဘောတူညီချက်တွင် ပြင်သင့်သည့်အချက်ကိုပြင်ဆင်ရန် အစိုးရအနေ ဖြင့် ဆောင်ရွက်နေသည့်အပေါ် ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားအား သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“၁၉၉၃ သဘောတူညီချက် ရှိခဲ့ပြီးသားဖြစ်ပါတယ်။ ဒီပေါ်မှာမူတည်ပြီး တော့ လိုအပ်တာတွေကို နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမယ်ဆိုတာ၊ ဘယ်လို ဟာတွေ ညှိနှိုင်းဆွေးနွေးမယ်ဆိုတာ ကျွန်တော်တို့စောင့်ကြည့်နေပါ တယ်။ ဘယ်အချက်တွေကို အတိုးအလျှော့လုပ်မှာလဲ။ ဘယ်အချက်တွေ အသစ်ထပ်တိုးလာမှာလဲ။ ဘယ်အချက်တွေကို ဖြုတ်ချလိုက်မှာလဲ။ ဒီဥစ္စာ ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ သဘောတူညီချက် ၁၀ ချက်ဆိုပြီး တော့ ထုတ်ပြန်ထားတာရှိပါတယ်။ အဲဒီမှာ အပိုဒ် ၇ နဲ့ အပိုဒ် ၈။ ဒီနှစ်ခုက ဆက်စပ်မှုရှိတယ်။ ခင်ဗျားမေးတဲ့မေးခွန်းက အဲဒီထဲမှာပါပါတယ်။

သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့သည့် ဦ၀ဏ္ဏမောင်လွင်၏ ပြောကြားချက်များ

ရန်ကုန်၊ အောက်တိုဘာ ၃၀

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍ ကိုဖီအာနန်၏ အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် ပြဿနာနှင့် အငြင်းပွားမှုများ ဖြစ်ပွားလာပါက လက်ရှိအစိုးရက တာဝန်ယူရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်အမှုဆောင် ပါတီဝင် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမှ ဘာသာပေါင်းစုံ ဆုတောင်းပွဲအစီအစဉ်နှင့် ပြုမူမှုများသည် နိုင်ငံအသည်းနှလုံးကို ထိခိုက် ၍ နိုင်ငံသူနိုင်ငံသားများကို ထိခိုက်စူးရှမှုများဖြစ်ပေါ်နေဟုဆို

ဘာသာပေါင်းစုံဆုတောင်းပွဲအစီအစဉ်နှင့် ပြုမူမှုများသည် နိုင်ငံအသည်း နှလုံးကိုထိခိုက်၍ နိုင်ငံသူနိုင်ငံသားများကို ထိခိုက်စူးရှမှုများ ဖြစ်ပေါ်နေကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်း ပွဲ၌ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကျင်းပပြုလုပ်

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲကို (၂၅.၁၀.၂၀၁၇) ရက်နေ့တွင် ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ ဗဟိုကော်မတီဝင် ဒေါ်နီနီမာ ၊ ဌာနမှူး ဦးကျော်သူရ (ပညာရေးရာဌာန) တို့နှင့် တိုင်း ကော်မတီဝင် ၊ ခရိုင်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်မိရပ်ဖများနှင့် ပထမအကြိမ် မျက်နှာစုံညီတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်၌ မြို့နယ်အတွင်းရှိ ရပ်ကွက် ၁၆ ရပ်ကွက်မှ ရပ်မိရပ်ဖများ ပါတီချစ်သူမိတ်ဆွေများနှင့် မြို့နယ် ပါတီကော်မတီအဖွဲ့များ ပထမ အကြိမ်မျက်နှာစုံညီတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပါတီဥက္ကဌနှင့် တာဝန်ရှိသူများမှ မြို့နယ်ပါတီ၏ ဖွဲ့စည်းပုံနှင့် ယမန်နေ့ အနေအထား များ ပါတီ၏ မူဝါဒနှင့် ရှေ့လုပ်ငန်းလမ်းစဉ်များအား အသိပေး ရှင်းလင်း တင်ပြခြင်းများပြုလုပ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ရပ်မိရပ်ဖများနှင့် ပါတီချစ်သူမိတ်ဆွေများမှ ပါတီတိုးတက်ရာ တိုးတက် ကြောင်းများ အကြံပြုဆွေးနွေးခြင်း ဆုံးမသြဝါဒပေးခြင်းများ ပြုလုပ်ခဲ့ရာ မြို့နယ်ပါတီအဖွဲ့မှ မှတ်သားနာယူခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ ခရီးသွားလာရေးဥပဒေ အမြန်ဆုံးအပြီးသတ်ရန် တိုက်တွန်းမည်

မြန်မာနိုင်ငံ ခရီးသွားလာရေးဥပဒေနှင့် ပတ်သက်၍ ဆွေးနွေးရန် အောက်တိုဘာ ၃၁ ရက်တွင် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံ မည်ဖြစ်ပြီး ယင်းဥပဒေကို အမြန် ဆုံး အပြီးသတ်ရန် တိုက်တွန်းမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌဦးသက်လွင် တိုးက ပြောသည်။

ရန်ကုန်-မဲဆောက် လေကြောင်းခရီးစဉ် စတင် ပြေးဆွဲ

ထိုင်းမြန်မာနယ်စပ်မဲဆောက်မြိုနဲ့ ရန်ကုန်ကိုသွားသွားမဲ့ လေကြောင်းခရီးစဉ်ကိုအောက်တိုဘာလ ၂၉ရက် နေ့က စတင်ပြေးဆွဲနေပြီဖြစ်ပါတယ် ပထမဦးဆုံးအနေနဲ့ မဲဆောက်က ထိုင်းဘုရားဖူးခရီးသည်များ စတင်သွားကြတာဖြစ်ပြိး လေယဉ်ပေါ်မှာလူ၈၀ကျော်လိုက်ပါသွားခဲ့ပါတယ် ဒီလိုမဲဆောက်ရန်ကုန်ကို လေယာဉ်ခရီးရှိတဲ့အတွက် ကုန်သည်တွေအတွက်ကော ဆေးကုသမဲ့သူတွေအတွက်ပါ အဆင်ပြေချောမွေ့ နိုင်တယ်လို့ ဆိုကြပါတယ် မအေးအေးမာကသတင်းပေးပို့ထားပါတယ်

ဒုသမ္မတ (၁) နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံ

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်များ လစဉ်ပုံမှန်တွေ့ဆုံပွဲကို ၁၁ ကြိမ်မြောက် အဖြစ် အောက်တိုဘာလ ၂၇ ရက်က ရန်ကုန်မြို့၊ UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဒေသတွင်း စီးပွားရေးဆိုင်ရာ တင်သွင်းမှုများ၊ မော်တော်ယာဉ်လုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး၊ မွေးမြူရေး လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာများအား သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အစည်းများ က တင်ပြဆွေးနွေး ခဲ့ကြသည်။

မောင်တော၌ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများ ကွင်းဆင်းလုပ်ဆောင်လျှက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၌ နိုင်ငံသား စိစစ်ရေးလုပ်ငန်းနှင့် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံကတ်ပြား ထုတ်ပေးရန် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့်   ပြည်သူ့အင်အားဝန်ကြီးဌာန မှ ကွင်းဆင်းလုပ်ဆောင်နေသည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။