

အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးနိုင်မည့် လမ်းကြောင်းရှာဖွေရန် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့၏ အစည်းအဝေး ကို ‘ဝ’ လက်နက်ကိုင်အဖွဲ့ (UWSA) ဌာနချုပ် ပန်ဆန်း၌ ပြုလုပ် မည် ဖြစ်ကြောင်း မြောက်ပိုင်း ခုနစ်ဖွဲ့တွင် ပါဝင်သည့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က ပြောသည်။












