ဗဟိုကော်မတီဝင် /တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဌ မြို့နယ်နှင့်ရပ်ကွက် ကျေးရွာအုပ်စုများမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံ

ပေါင်းတည် နိုဝင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးအောင်ချိုဦးသည် ဗဟိုကော်မ တီဝင်/တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင်ပါတီဥက္ကဌ ဦးအောင်ဇော်ဌေး၊ ပြည်ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ လိုက်ပါ၍ ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ယမန်နေ့နံနက်ပိုင်းက ရောက်ရှိလာခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ် ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဗန်းမော် နိုဝင်ဘာ ၉

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက ဗန်းမော်ခရိုင် ပါတီရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ခရိုင်ပါတီကော်မတီဝင်ဦးသန်းဇော်လေးတို့က အမှာစကားပြောကြား၍ ခရိုင်ဦးစီးရုံးအဖွဲ့ဝင်များက ရုံးလုပ်ငန်းများကို ရှင်းလင်း တင်ပြခဲ့ကြသည်။

မောင်တောမြို့နယ်တွင် ၂၆ ရက်အတွင်း NVC ကတ်ပြုလုပ်သူ ၅၀၀ ကျော်ရှိ

မောင်တောမြို့နယ်တွင် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံလက်မှတ် (NVC) ပြုလုပ်သည့် ဘင်္ဂါလီ ဦးရေ ၂၆ ရက် အတွင်း ၅၀၀ ကျော်ရှိကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ် ရေးဆိုင်ရာဦးစီးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်ရန် တရုတ်နိုင်ငံအခြေစိုက်အဖွဲ့က ကမ်းလှမ်း

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုးကို China Asian စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့က အဆင့်မြင့် နည်းပညာများအသုံးပြု၍ အဆင့်မြှင့် တင်ပေးရန် သက်ဆိုင်ရာတာဝန် ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းနေကြောင်း အဆိုပါအဖွဲ့နှင့် မိတ်ဖက်အဖွဲ့ဖြစ်သည့် ဟင်္သာဧကရီ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နွယ်နွယ်အေးက ပြောသည်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှု အခြေအနေကို အိုင်အမ်အက်ဖ်ကိုယ်စားလှယ်များ လာရောက်လေ့လာ

မြန်မာနိုင်ငံ၏ ၂၀၁၈ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ခန့်မှန်းတွက်ချက်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို လေ့လာ နေကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံသား ရင်း နှီးမြှုပ်နှံမှုများ ၀င်ရောက်မှုအခြေအနေများ၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို IMF ကိုယ်စားလှယ်များက အဓိ ကထားမေးမြန်းကြောင်း ၎င်းက ပြောသည်။

NCA လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်ခေါင်းဆောင်များ၏ အတည်ပြုချက်ရရန်သာကျန်ဟု အစိုးရနှင့် UNFC ပြော

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးရေးသဘော တူညီမှုရရှိရန် နှစ်ဖက်ခေါင်း ဆောင်များ၏အပြီးသတ်အတည်ပြုမှုသာ ကျန်ရှိကြောင်း အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကိုယ်စားလှယ်များက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း အိမ်မဲပါတီကော်မတီ ဝင်းများနှင့် ၂၅ မြို့နယ်မြောက် တွေ့ဆုံ

(၈ နိုဝင်ဘာ ၂၀၁၇ )

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းYouth in Leadership (Batch-9) သင်တန်းသားသင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၉

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ National Enlightenment Institute သင်တန်းကျောင်း၏ Youth in Leadership (Batch-9) မှ ဒေါ်ရည်မွန်ဆု ခေါင်းဆောင်သည့် သင်တန်းသား သင်တန်းသူ စုစု ပေါင်း ၅၃ ဦးတို့သည် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ လာရောက်လေ့လာစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်းသည် ပါတီဌာနချုပ်၏ သင်တန်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး နှင့် မကွေးတိုင်း စေတုတ္တရာမြို့နယ်နှင့်ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ

9-11-2017 ကြာသာပတေးနေ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် 9-11-2017 ရက်နေ့ ကြာသာပတေးနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးများတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး ၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေးနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ ၊ စေတုတ္တရာမြို့နယ် ပါတီဝင်များ၊ ငဖဲမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌကြီး၏လမ်းညွှန်ချက်များ ၊ ပါတီ၏ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ၊ စည်းရုံးရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပါသည်။