တာချီလိတ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

၆ -၁၁ – ၂၀၁၇ ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မျက်စိမျက်မှန် အခမဲ့ကုသရေးလုပ်ငန်းများကို (၇-၁၁-၂၀၁၇) မှ (၉ -၁၁ -၂၀၁၇) အထိ လုပ်ဆောင်မည့် အစီအစဉ်များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခရိုင်/ မြို့နယ် ဥက္ကဌဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ လုပ်ဆောင်နိုင်ရေးအတွက် ခရိုင်/မြို့နယ်ပါတီဥက္ကဌနှင့် လုပ်ငန်းဆပ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပါသည်။

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီ ရွှေစည်းခုံဘုရား ဆွမ်းဆန်စိမ်းလှူဒါန်းပွဲ

စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဧည့်ပြရွာ ရွှေစည်းခုံဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား (၂.၁၁.၂၀၁၇) ရက်နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ကျင်းပရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိင်္ဂီအောင်၊ ခရိုင်ကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့နယ်ပါတီဥက္ကဌ ဦးကြည်ပြုံးနှင့် ကော်မတီဝင်များ ၊ ရပ်ကျေးအဖွဲ့များ စုပေါင်း၍ ကျေးရွာသူ/သားများနှင့်အတူ ဆန်၊ မျက်နှာ သုတ်ပုဝါ၊ အချိုရည်ဘူးများ၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့် ၊ ပဲလှော် ၊ ခေါက်ဆွဲ ခြောက်များ လှူဒါန်းခဲ့ပါသည်။

ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်လှစ်

ဇီးကုန်း နိုဝင်ဘာ ၎

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမဆောင်တွင် ယမန်နေ့ နံနက် ၉ နာရီက ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော လူငယ်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို တိုင်းဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်ထားထားနု၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးသန်းဇော်ထွန်းတို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

မိုးမိတ်မြို့နယ် ပါတီရပ်/ကျေးများ လူငယ်များ လုပ်ငန်းညှိနှိုင်းအစည်း အဝေးပွဲကျင်းပ

မိုးမိတ်မြို့နယ် ပါတီရပ်/ကျေးများ၊ လူငယ်အဖွဲ့များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၅-၁၁-၂၀၁၇) ရက်နေ့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် စတင်ကျင်းပပြုလုပ်ရာ ခရိုင်ပါတီဥက္ကဌ. ဦးစိုးမြင့် တက်ရောက်၍ ရှေ့လုပ်ငန်းစဉ်များ ချပြဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်ဥက္ကဌ ဒေါ်ခင်မြင့်ဌေးမှ တတိယ (၃) လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွန်ချက်များ ရှင်းလင်းခြင်းနှင့် ရှေ်ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းများ ဆွေးနွေးခဲ့ရာ မြို့နယ်အတွင်းရေး မှုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ လူငယ်အဖွဲ့ များမှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

ပုဗ္ဗသီရီမြို့ ဆင်ဖြူရှင်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

နေပြည်တော် နိုဝင်ဘာ ၎

နေပြည်တော် ပြည်ထောင်စုနယ်မြေပုဗ္ဗသီရီမြို့နယ် တပ်ပုဗ္ဗမြို့ရှိ ဆင်ဖြူရှင်ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီကပြုလုပ်ခဲ့ရာ ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးကျော်ညွန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ ပါတီဝင်များနှင့် ရပ်မိရပ်ဖများစုံလင်စွာ တက်ရောက်ခဲ့သည်။

နိုင်ငံရေးပါတီတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်

 

နိုင်ငံရေး ပါတီတွေရဲ့ သဘောထား ထုတ်ပြန်ချက်၊ ကြေညာချက်မိတ္တူတွေကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ ပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။ ထုတ်ပြန်ကြေညာချက်တွေမှာ အခြားအဖွဲ့အစည်းတွေကို အထောက်အထားမဲ့ ပြောဆိုတာတွေရှိရင် အရေးယူသွားမှာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှည့်ကင်းဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရဟုဆို

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမည်မသိ လူအချို့က  သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ နိုဝင်ဘာ ၅ ရက်ညနေက လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် နယ်စပ်ဘက်မှ ပစ်ခတ် ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မောင်တောဒေသကွင်းဆင်းကူညီရန် စေတနာ့ဝန်ထမ်း လူငယ်၄၀ဦးကို ယခုလအတွင်းစေလွှတ်မည်

 

မောင်တောဒေသကျေးရွာများသို့ ကွင်းဆင်း၍ လုပ်အားပေးရန် စေတနာ့ဝန်ထမ်းလူငယ် ၄၀ ဦးပါဝင်သည့် အဖွဲ့ကို ယခုလအတွင်း ရခိုင်ပြည်နယ်သို့ ပထမဆုံးစေလွှတ်မည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်ဦးအောင်ကျော်မိုးကပြောသည်။ မောင်တောဒေသသို့ စေတ နာ့ဝန်ထမ်းလူငယ်များ စေလွှတ်ရန် လူငယ်ပထမအဖွဲ့ကိုရန်ကုန် မြို့၌ နိုဝင်ဘာ ၆ ရက်၊ ၇ ရက် တွင် သင်တန်းပို့ချကာ နိုဝင်ဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေသို့ သွားရောက်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုဝင်ဘာ ၁၃ ရက်မှ ၂၁ ရက်အထိ မောင်တောဒေသရှိ ကျေးရွာများသို့ ကွင်းဆင်း၍ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ် သည်။

NCA လက်မှတ်ထိုး ရှစ်ဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ချင်းမိုင်မြို့၌ နှစ်ရက်ကြာ ပြုလုပ်မည်

 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုဝင်ဘာ ၁၄ ရက်ကစ၍ နှစ်ရက်ကြာ ပြုလုပ်မည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဇနီး ဒေါ်စိုးဝတ်ရည်နှင့်အဖွဲ့ဝင်များ ဇွဲကပင်တောင်ဆရာတော်ဘုရားကြီးနှင့် တောင်ကလေးဆရာတော်ဘုရားအား သွားရောက်ဖူးမျှော်ကြည်ညို

ဘားအံ နိုဝင်ဘာ ၅