
လွိုင်ကော်၊ ဒီဇင်ဘာ ( ၁၂) ရက်
ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံး နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) ဒုတိယရက် သင်တန်းပို့ချမှုမှာ နံနက် (၇း၀၀) နာရီအချိန်တွင် သင်တန်းအုပ်ချုပ်ရေးမှူး ပြည်နယ်ကော်မတီဝင် ဦးကျော်မြင့်နှင့်အတူ သင်တန်း နည်းပြများ၊ သင်တန်းသူ/ သားများသည် နိုင်ငံတော်အလံကို အလေးပြုပြီး နိုင်ငံတော်သီချင်းသီဆိုကြပါသည်။
ယင်းနောက် နံနက် (၈း၀၀) နာရီအချိန်မှစပြီး သင်တန်းခန်းမ၀င်ကာ ဒုတိယရက် ပထမဦးဆုံးအချိန်အဖြစ် လွိုင်ကော်မြို့နယ် ပါတီဥက္ကဌ ဦးမောင်ရွှေမှ ”ပါတီဖွဲ့စည်းပုံနှင့် တာဝန်ဝတ္တရားများ” ဘာသာရပ်ဖြင့် ဆွေးနွေး ခဲ့ပြီး ဆက်လက်၍ ဒုတိယအချိန်အဖြစ် ဖါးဆောင်းမြို့နယ်ပါတီဥက္ကဌ ဦးခင်မောင်ညိုက ” နိုင်ငံရေးအခြေအနေ များလေ့လာခြင်း ” ဘာသာရပ်ဖြင့် ဆွေးနွေးခဲ့ပါသည်။









