
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီး ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ အတွင်းရေးမှူးဗဟိုကော်မတီဝင် ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တက်ရောက်ကြသည်။









