
နေပြည်တော် ဒီဇင်ဘာ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ (၄/၂ဝ၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပါတီဌာနချုပ်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့သည်။
အစီအစဉ်အရ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ၊ ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ ဌာနကြီးများ၊ ရေးရာ ကော်မတီများ၊ ဗဟိုလုပ်ငန်းအဖွဲ့အစည်း၊ လွှတ်တော်ရေးရာတို့မှ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။












