
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ပါတီအမျိုးသမီးရေးရာခေါင်းဆောင် ဒေါ်နီလာမြင့်၊ စည်းရုံးရေးနယ်မြေတာဝန်ခံ ကော်မတီအဖွဲ့ဝင်များ လိုက်ပါ လျက် ယခုလ ၁၇ ရက် နံနက်ပိုင်းက ပသောင်းကျေးရွာအုပ်စု တောင်ပုလဲရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက် သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော် အရှင်ဂန္ဓသာရက ဦးစီးကျင်းပလျက်ရှိသည့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြကာ ထူးချွန်ဆုရသင်တန်းသား သင်တန်းသူ မင်္ဂလာမောင်မယ်များနှင့် ဆရာဆရာမများ တစ်ဦးချင်းစီအတွက် ဂုဏ်ပြုဆုငွေ ကျပ်တစ်သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။









