

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် ဗဟိုပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။ လူငယ်တွေ့ဆုံပွဲ အခမ်းအနားအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား သံပြိုင် သီဆိုဖွင့်လှစ်ခဲ့သည်။နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ အစီအစဉ်အရ တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့နယ်အရံကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ မောင်ဇော်ရှင်းမှ လူငယ်ရေးရာ လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လူငယ်မောင်မယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ ပါတီဝင်လူငယ်တစ်ဦးမှလက်ခံရယူသည်။









