
ကျောက်ဖြူအထူး စီးပွားရေးဇုန်စီမံကိန်း အမြန် အကောင်အထည်ဖော်နိုင်ရေး မြန်မာအစိုးရနှင့် တရုတ်အစိုးရပိုင် CITIC ကုမ္ပဏီအုပ်စုတို့ ဆွေးနွေးပွဲများ ဆက်တိုက် ပြုလုပ်နေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။ ရခိုင်ပြည်နယ် စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းအမြန် အကောင်အထည်ဖော်နိုင်ရန် ဇန်နဝါရီ ၆ ရက်က ပြုလုပ်သည့် ရွေ့လျားအိမ်ရာ အလုံး ၁၀၀ လွှဲပြောင်းပေးအပ်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးကလည်း တိုက်တွန်း ပြောကြားသည်။






