
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရုံးခွဲအား ဖေဖော်ဝါရီ ၂၇ ရက် မှ စတင်ကာ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
နိုင်ငံကူးလက်မှတ် (Passport) စာအုပ် အသစ်ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်း လုပ်ဆောင်လိုသူများအနေဖြင့် ရုံးသို့ ကိုယ်တိုင်လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲ (မော်လမြိုင်) မှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။










