

၂၀၁၈ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းရမည် ဆိုပါက မွေးရပ်မြို့ ရိုဆာရီယိုမှ မိုင် ၄၀ ကျော် ကွာဝေးသော ဆန်နီကိုးလာ့စ်မြို့သို့ ခြေကျင်လျှောက် သွားမည်ဟု ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ပြောကြားသည်။
မော်စကိုတွင် ရုရှား၊ နိုင်ဂျီးရီးယားတို့နှင့် ခြေစမ်းပွဲမပြိုင်မီ လာမည့်နွေရာသီ၌ ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဖလားရပါက ရိုဆာရီယိုမှ ဆန်နီကိုးလာ့စ်သို့ ခြေကျင်ဘုရားဖူးသွားသူများနှင့်အတူ လိုက်ပါ လမ်းလျှောက်မည်ဟု မက်ဆီက ပြောသည်။










