ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ဥကၠ႒မ်ားႏွင့္ အစည္း အ ေဝး ျပဳလုပ္





ျပည္ခိုင္ၿဖိဳးပါတီ ဥကၠ႒ ဦးခင္ရီ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ဥကၠ႒မ်ားႏွင့္ အစည္း အ ေဝး ျပဳလုပ္
===========================
ဩဂုတ္ ၂၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၂၀၂၆ ခုႏွစ္၊ ဩဂုတ္လ ၂ ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၁)တြင္ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ဥကၠ႒မ်ားႏွင့္ အစည္းအေဝးတစ္ရပ္အား ျပဳလုပ္ခဲ့ပါသည္။
အဆိုပါအစည္းအေဝးသို႔ ပါတီဥကၠ႒ ဦးခင္ရီႏွင့္အတူ ဒုတိယဥကၠ႒ ဦးလွထြန္း၊ ဗဟိုအတိုင္ပင္ခံ ဦးေမာင္ေမာင္အုန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉး ေဒါက္တာေက်ာ္ေက်ာ္ေဌး၊ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း၊ ဦးေအာင္စိုး၊ တိုင္းေဒသႀကီး/ျပည္နယ္ (၁၄)ခုမွ လႊတ္ေတာ္ဥကၠ႒မ်ားႏွင့္ ဌာနခ်ဳပ္မႉး ဦးေသာင္းေ႐ႊတို႔ တက္ေရာက္ခဲ့ပါသည္။
အစည္းအေဝးတြင္ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားရာ ပါတီ၏ လုပ္ငန္းစဥ္မ်ား၊ လႊတ္ေတာ္ႏွင့္ ပါတီ၏ ေဆာင္႐ြက္ခ်က္မ်ားအပါအဝင္ ဆက္လက္ေဆာင္႐ြက္သြားမည့္ ပါတီ၏အခန္းက႑မ်ားအား အက်ယ္တဝံ့ ရွင္းလင္းေျပာၾကားပါသည္။
၎ေနာက္ ပါတီ၏ ႏိုင္ငံတကာေရးရာတာဝန္ခံ ဗဟိုအလုပ္အမႈေဆာင္ ဦးေအာင္စိုးက ပါတီႏွင့္ မိတ္ဖက္ႏိုင္ငံမ်ားမွ ႏိုင္ငံေရးပါတီမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနမႈ Belaya Rus ပါတီမွ ပါတီဥကၠ႒ ဦးေဆာင္ေသာ ခ်စ္ၾကည္ေရးကိုယ္စားလွယ္အဖြဲ႕ ေလ့လာေရးလာေရာက္မည့္ ကိစၥရပ္မ်ားအား ရွင္းလင္းတင္ျပရာ တက္ေရာက္လာသူမ်ားက ဝိုင္းဝန္းေဆြးေႏြးခဲ့ၾကပါသည္။
ထို႔ေနာက္ တြဲဖက္အေထြေထြအတြင္းေရးမႉး၊ အေထြေထြအတြင္းေရးမႉး၊ ဗဟိုအတိုင္ပင္ခံႏွင့္ ဒုတိယဥကၠ႒တို႔က အစိုးရ၊ လႊတ္ေတာ္၊ ပါတီ ညီၫြတ္စြာျဖင့္ ေဆာင္႐ြက္သြားမည့္ကိစၥရပ္မ်ား ေဆြးေႏြးတင္ျပၾကၿပီး ပါတီဥကၠ႒ ဦးခင္ရီက နိဂုံးခ်ဳပ္အမွာစကားေျပာၾကားကာ ယေန႔ နံနက္ပိုင္းတြင္ ျပဳလုပ္သည့္ အစည္းအေဝးအား ေန႔ ၁၂ နာရီခြဲအခ်ိန္တြင္ ႐ုပ္သိမ္းခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနှင့် အစည်းအဝေးပြုလုပ်
===========================
ဩဂုတ် ၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများနှင့် အစည်းအဝေးတစ်ရပ်အား ပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်း၊ ဗဟိုအတိုင်ပင်ခံ ဦးမောင်မောင်အုန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ဦးအောင်စိုး၊ တိုင်းဒေသကြီး/ပြည်နယ် (၁၄)ခုမှ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဌာနချုပ်မှူး ဦးသောင်းရွှေတို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားရာ ပါတီ၏ လုပ်ငန်းစဥ်များ၊ လွှတ်တော်နှင့် ပါတီ၏ ဆောင်ရွက်ချက်များအပါအဝင် ဆက်လက်ဆောင်ရွက်သွားမည့် ပါတီ၏အခန်းကဏ္ဍများအား အကျယ်တဝံ့ ရှင်းလင်းပြောကြားပါသည်။
၎င်းနောက် ပါတီ၏ နိုင်ငံတကာရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးအောင်စိုးက ပါတီနှင့် မိတ်ဖက်နိုင်ငံများမှ နိုင်ငံရေးပါတီများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု Belaya Rus ပါတီမှ ပါတီဥက္ကဋ္ဌ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ လေ့လာရေးလာရောက်မည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ အထွေထွေအတွင်းရေးမှူး၊ ဗဟိုအတိုင်ပင်ခံနှင့် ဒုတိယဥက္ကဋ္ဌတို့က အစိုးရ၊ လွှတ်တော်၊ ပါတီ ညီညွတ်စွာဖြင့် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ ဆွေးနွေးတင်ပြကြပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီက နိဂုံးချုပ်အမှာစကားပြောကြားကာ ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် အစည်းအဝေးအား နေ့ ၁၂ နာရီခွဲအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။




