လာအိုနဲ႔ပြဲ ပြဲစဥ္အလိုက္ အ ေကာင္း ဆုံး ကစားသမားဆုကို ဟက္ထရစ္ရွင္ ဝင္းႏိုင္ထြန္း ဆြတ္ခူး

လာအိုနဲ႔ပြဲ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကို ဟက္ထရစ္ရွင္ ဝင္းႏိုင္ထြန္း ဆြတ္ခူး
======================
ျမန္မာ(၇-၂)လာအိုပြဲမွ ပြဲစဥ္အလိုက္အေကာင္းဆုံးကစားသမားဆုကို ဟက္ထရစ္သြင္းယူခဲ့တဲ့ တိုက္စစ္မႉး ဝင္းႏိုင္ထြန္းက ဆြတ္ခူးရရွိခဲ့ပါတယ္။ ဝင္းႏိုင္ထြန္းဟာ ဖိလစ္ပိုင္နဲ႔ပြဲမွာလည္း တစ္ဂိုးသြင္းယူခဲ့လို အခုၿပိဳင္ပြဲမွာ ေလးဂိုးအထိ သြင္းယူထားပါတယ္။ ဒါဟာ ၿပိဳင္ပြဲရဲ႕ဂိုးအမ်ားဆုံးစာရင္းမွာ အင္ဒိုနီးရွားတိုက္စစ္မႉး ဘက္ကာနဲ႔ ပူးတြဲဂိုးအမ်ားဆုံးအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။ ဝင္းႏိုင္ထြန္းအေနနဲ႔ ၂၀၂၄ ၿပိဳင္ပြဲတုန္းကလည္း ျမန္မာအသင္းအတြက္ ႏွစ္ဂိုး သြင္းယူေပးခဲ့ပါတယ္။ ၎ဟာ အာဆီယံခ်န္ပီယံရွစ္ၿပိဳင္ပြဲမွာ ျမန္မာအသင္းနဲ႔အတူ ေလးႀကိမ္ဆက္တိုက္ ဝင္ေရာက္ယွဥ္ၿပိဳင္ေနတာျဖစ္ပါတယ္။ လာအိုနဲ႔ပြဲမွာ ျမန္မာကစားသမား လြင္မိုးေအာင္က လုပ္အားႏႈန္းအေကာင္းဆုံးအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။

Photos: ASEAN United FC


လာအိုနဲ့ပွဲ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဟက်ထရစ်ရှင် ဝင်းနိုင်ထွန်း ဆွတ်ခူး
======================
မြန်မာ(၇-၂)လာအိုပွဲမှ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဟက်ထရစ်သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဝင်းနိုင်ထွန်းက ဆွတ်ခူးရရှိခဲ့ပါတယ်။ ဝင်းနိုင်ထွန်းဟာ ဖိလစ်ပိုင်နဲ့ပွဲမှာလည်း တစ်ဂိုးသွင်းယူခဲ့လို အခုပြိုင်ပွဲမှာ လေးဂိုးအထိ သွင်းယူထားပါတယ်။ ဒါဟာ ပြိုင်ပွဲရဲ့ဂိုးအများဆုံးစာရင်းမှာ အင်ဒိုနီးရှားတိုက်စစ်မှူး ဘက်ကာနဲ့ ပူးတွဲဂိုးအများဆုံးအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဝင်းနိုင်ထွန်းအနေနဲ့ ၂၀၂၄ ပြိုင်ပွဲတုန်းကလည်း မြန်မာအသင်းအတွက် နှစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ၎င်းဟာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအသင်းနဲ့အတူ လေးကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ လာအိုနဲ့ပွဲမှာ မြန်မာကစားသမား လွင်မိုးအောင်က လုပ်အားနှုန်းအကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Photos: ASEAN United FC