ဒီယိုမန္ဒီကို ရီးယဲလ္မက္ဒရစ္အသင္း ေခၚယူ

ဒီယိုမန္ဒီကို ရီးယဲလ္မက္ဒရစ္အသင္း ေခၚယူ
=======================
စပိန္ထိပ္သီး ရီးယဲလ္မက္ဒရစ္အသင္းဟာ လိုက္ပ္ဇစ္အသင္းရဲ႕ အိုင္ဗရီကိုစ္ လူငယ္ေတာင္ပံၾကယ္ပြင့္ ဒီယိုမန္ဒီကို ေခၚယူႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေၾကညာခဲ့ပါတယ္။
အသက္ (၁၉)ႏွစ္အ႐ြယ္သာရွိေသးတဲ့ ဒီယိုမန္ဒီအတြက္ ရီးယဲလ္မက္ဒရစ္အသင္းအသုံးျပဳခဲ့ရတဲ့ေျပာင္းေ႐ႊ႕ေၾကးက ယူ႐ို (၁၂၅)သန္း+ Add-ons (၁၅)သန္းျဖစ္ၿပီး ၂၀၃၂ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။
၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဒီယိုမန္ဒီဟာ လိုက္ပ္ဇစ္အသင္းကို ၿပီးခဲ့တဲ့ ၂၀၂၅ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ေရာက္ရွိခဲ့သူျဖစ္ၿပီး သူရဲ႕တန္ေၾကးက တစ္ရာသီၾကာၿပီးေနာက္မွာ (၇)ဆနီးပါးအထိ ျမင့္တက္ခဲ့ပါတယ္။
သူကိုယ္တိုင္ကလည္း ရီးယဲလ္လို ႀကီးက်ယ္ခမ္းနားတဲ့အသင္းမွာ ကစားခြင့္ရဖိုက ငယ္ဘဝအိပ္မက္ျဖစ္တယ္လို ဖြင့္ဟခဲ့ဖူးပါတယ္။
ဒီယိုမန်ဒီကို ရီးယဲလ်မက်ဒရစ်အသင်း ခေါ်ယူ
=======================
စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ အိုင်ဗရီကိုစ် လူငယ်တောင်ပံကြယ်ပွင့် ဒီယိုမန်ဒီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
အသက် (၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဒီယိုမန်ဒီအတွက် ရီးယဲလ်မက်ဒရစ်အသင်းအသုံးပြုခဲ့ရတဲ့ပြောင်းရွှေ့ကြေးက ယူရို (၁၂၅)သန်း+ Add-ons (၁၅)သန်းဖြစ်ပြီး ၂၀၃၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဒီယိုမန်ဒီဟာ လိုက်ပ်ဇစ်အသင်းကို ပြီးခဲ့တဲ့ ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရောက်ရှိခဲ့သူဖြစ်ပြီး သူရဲ့တန်ကြေးက တစ်ရာသီကြာပြီးနောက်မှာ (၇)ဆနီးပါးအထိ မြင့်တက်ခဲ့ပါတယ်။
သူကိုယ်တိုင်ကလည်း ရီးယဲလ်လို ကြီးကျယ်ခမ်းနားတဲ့အသင်းမှာ ကစားခွင့်ရဖိုက ငယ်ဘဝအိပ်မက်ဖြစ်တယ်လို ဖွင့်ဟခဲ့ဖူးပါတယ်။




