ျပည္ခိုင္ၿဖိဳးပါတီဒုဥကၠ႒မွ ဝါဆိုသကၤန္းႏွင့္ လႉ ဖြယ္ ဝတၳဳအစုစုတို႔ ကပ္လႉ


ျပည္ခိုင္ၿဖိဳးပါတီဒုဥကၠ႒မွ ဝါဆိုသကၤန္းႏွင့္ လႉဖြယ္ ဝတၳဳအစုစုတို႔ ကပ္လႉ
=========================
(ျပည္တြင္း)ၾသဂုတ္ ၄
ေနျပည္ေတာ္ ၊တပ္ကုန္းၿမိဳ႕နယ္ အေနာ္ရထာရပ္ကြက္ ၿမိဳ႕ေရွ႕စႏၵာ႐ုံဘုန္းေတာ္ႀကီးေက်ာင္းမွ သက္ေတာ္ရွည္ ဆရာေတာ္ဘုရားႀကီးအား ၾသဂုတ္လ ၃ရက္ေန႔ မြန္းလြဲ၃နာရီအခ်ိန္က ျပည္ခိုင္ၿဖိဳးပါတီဒုဥကၠ႒မွ ဝါဆိုသကၤန္းႏွင့္ လႉဖြယ္ ဝတၳဳအစုစုတို႔ ကပ္လႉခဲ့ေၾကာင္း သိရသည္။
အဆိုပါ ကပ္လႉပူေဇာ္ပြဲသို႔ ျပည္ခိုင္ၿဖိဳးပါတီဒုဥကၠ႒ဦးလွထြန္း၊ ျပည္ေထာင္စုနယ္ေျမပါတီေကာ္မတီဝင္ တပ္ကုန္းၿမိဳ႕နယ္တာဝန္ခံ ဦးေက်ာ္ေက်ာ္လတ္ (ဗဟိုေကာ္မတီဝင္) l ဥတၱရခ႐ိုင္ ပါတီ ဥကၠ႒ ဦးဝင္းဘို l တပ္ကုန္းၿမိဳ႕နယ္ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ဦးေဇာ္မ်ိဳးသိန္း ႏွင့္ ၿမိဳ႕နယ္ပါတီ ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုအစုစုတို့ ကပ်လှူ
=========================
(ပြည်တွင်း)သြဂုတ် ၄
နေပြည်တော် ၊တပ်ကုန်းမြို့နယ် အနော်ရထာရပ်ကွက် မြို့ရှေ့စန္ဒာရုံဘုန်းတော်ကြီးကျောင်းမှ သက်တော်ရှည် ဆရာတော်ဘုရားကြီးအား သြဂုတ်လ ၃ရက်နေ့ မွန်းလွဲ၃နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌမှ ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုအစုစုတို့ ကပ်လှူခဲ့ကြောင်း သိရသည်။
အဆိုပါ ကပ်လှူပူဇော်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌဦးလှထွန်း၊ ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင် တပ်ကုန်းမြို့နယ်တာဝန်ခံ ဦးကျော်ကျော်လတ် (ဗဟိုကော်မတီဝင်) l ဥတ္တရခရိုင် ပါတီ ဥက္ကဋ္ဌ ဦးဝင်းဘို l တပ်ကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဇော်မျိုးသိန်း နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။




