ေလးမ်က္ႏွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္စိုး၊ (ျမင့္စိုး-နတလ) ၊ ေရ ေဘး သင့္ေနေသာ ၿမိဳ႕ေပၚ ရပ္ ကြက္ မ်ားကို လိုက္လံၾကည့္ရႈ။



ေလးမ်က္ႏွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္စိုး၊ (ျမင့္စိုး-နတလ) ၊ ေရေဘးသင့္ေနေသာ ၿမိဳ႕ေပၚ ရပ္ကြက္ မ်ားကို လိုက္လံၾကည့္ရႈ။
=============================
ေလးမ်က္ႏွာ ၾသဂုတ္ ၄
ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတ ခ႐ိုင္ ေလးမ်က္ႏွာၿမိဳ႕နယ္ မွာ ဇူလိုင္လ (၃၀) ရက္ညပိုင္းက မိုးသီးထန္စြာ႐ြာသြန္းမႈႏွင့္ ျမစ္ေရတိုက္စားမႈေၾကာင့္ ငဝန္တာေအာက္ခံ ျမစ္က်ိဳးအင္းသဲေက်ာမွ ထူးေပါက္ၿပီး ေရျဖတ္သန္းစီးဆင္းမႈမ်ားေၾကာင့္ တာတမံနိမ့္က်မႈျဖစ္ပြားခဲ့ၿပီး ေရေက်ာ္ဝင္ေရာက္ခဲ့သည့္ ေလးမ်က္ႏွာၿမိဳေပၚ ရပ္ကြက္မ်ားသို႔ ယေန႔တြင္ ေလးမ်က္ႏွာျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္စိုးသည္ လွည့္လည္ၾကည့္ရႈခဲ့ရာ ၊ေရေဘးေရွာင္ရင္းဆက္လက္ေနထိုင္ၾကသည့္ ျပည္သူ႔ေဆး႐ုံရွိသူမ်ားႏွင့္လည္းေကာင္း၊ ၿမိဳနယ္ပညာေရးမႈး႐ုံး၊ အ.လ.က ေက်ာင္း ၊အင္းဝဘုန္းေတာ္ႀကီးေက်ာင္း၊ အင္းဝဘုန္းေတာ္ႀကီးေက်ာင္း၊ ပရဟိတေက်ာင္း တို႔ကို ေရာက္ရွိ၍ ျပည္သူမ်ားကို အားေပးစကားမ်ားေျပာၾကားခဲ့ၿပီး ၊ အထက္ပါေနရာမ်ားသို႔ သက္ဆိုင္ရာတာဝန္ရွိသူမ်ားအား ေန႔စဥ္ စားေသာက္ဖြယ္ရာမ်ား ေပးပို႔ေရးမွာၾကားခဲ့သည္။
ၿပီးေနာက္ – အ.လ.က ေက်ာင္းေပၚတြင္ လယ္ျပ ဆရာမတစ္ဦး က်န္းမာေရးမေကာင္းသျဖင့္ လာေရာက္ေခၚယူရန္ အေၾကာင္းၾကားေပးခဲ့သည္။
ထိုမွတဆင့္ ေလးမ်က္ႏွာၿမိဳ႕ေပၚ ရွိ ကြမ္းၿခံကုန္း႐ြာသို႔ လွည့္လည္ၾကည့္ရႈခဲ့ၿပီး ပရဟိတ ဆရာေတာ္၊ အင္းဝေက်ာင္းဆရာေတာ္ ၊ ကြမ္းၿခံကုန္း ဆရာေတာ္တို႔ကို ဖူးေမွ်ာ္ကန္ေတာ့ခဲ့ေၾကာင္းသိရွိရသည္။
လေးမျက်နှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုး၊ (မြင့်စိုး-နတလ) ၊ ရေဘေးသင့်နေသော မြို့ပေါ် ရပ်ကွက် များကို လိုက်လံကြည့်ရှု။
=============================
လေးမျက်နှာ သြဂုတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင် လေးမျက်နှာမြို့နယ် မှာ ဇူလိုင်လ (၃၀) ရက်ညပိုင်းက မိုးသီးထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကျောမှ ထူးပေါက်ပြီး ရေဖြတ်သန်းစီးဆင်းမှုများကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားခဲ့ပြီး ရေကျော်ဝင်ရောက်ခဲ့သည့် လေးမျက်နှာမြိုပေါ် ရပ်ကွက်များသို့ ယနေ့တွင် လေးမျက်နှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိုးသည် လှည့်လည်ကြည့်ရှုခဲ့ရာ ၊ရေဘေးရှောင်ရင်းဆက်လက်နေထိုင်ကြသည့် ပြည်သူ့ဆေးရုံရှိသူများနှင့်လည်းကောင်း၊ မြိုနယ်ပညာရေးမှုးရုံး၊ အ.လ.က ကျောင်း ၊အင်းဝဘုန်းတော်ကြီးကျောင်း၊ အင်းဝဘုန်းတော်ကြီးကျောင်း၊ ပရဟိတကျောင်း တို့ကို ရောက်ရှိ၍ ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး ၊ အထက်ပါနေရာများသို့ သက်ဆိုင်ရာတာဝန်ရှိသူများအား နေ့စဥ် စားသောက်ဖွယ်ရာများ ပေးပို့ရေးမှာကြားခဲ့သည်။
ပြီးနောက် – အ.လ.က ကျောင်းပေါ်တွင် လယ်ပြ ဆရာမတစ်ဦး ကျန်းမာရေးမကောင်းသဖြင့် လာရောက်ခေါ်ယူရန် အကြောင်းကြားပေးခဲ့သည်။
ထိုမှတဆင့် လေးမျက်နှာမြို့ပေါ် ရှိ ကွမ်းခြံကုန်းရွာသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး ပရဟိတ ဆရာတော်၊ အင်းဝကျောင်းဆရာတော် ၊ ကွမ်းခြံကုန်း ဆရာတော်တို့ကို ဖူးမျှော်ကန်တော့ခဲ့ကြောင်းသိရှိရသည်။




