
====================




UFC 331 ပြိုင်ပွဲမှာ ထိပ်ဆုံးခေါင်ပွဲကြီးအဖြစ် ထိုးရတော့မယ့် လက်ရှိ ချန်ပီယံ ‌Joshua Van
====================
UFC က စက်တက်ဘာ ၁၉ ရက်နေ့မှာ ကစားမယ့် UFC 331 ပြိုင်ပွဲအတွက် တရားဝင် တွဲဆိုင်းစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ချန်ပီယံ ‌ oshua Van နဲ့ Alexandre Pantoja တို့ရဲ့ UFC Flyweight ချန်ပီယံလုပွဲကို Main Event (ထိပ်ဆုံးခေါင်ပွဲ) အဖြစ် သတ်မှတ်လိုက်ပါတယ်။

ဒါဟာ Joshua Van အတွက် UFC က ကျင်းပတဲ့ Numbered Event တစ်ခုမှာ ပထမဆုံးအကြိမ် Main Event ထိုးသတ်ခွင့် ရရှိခြင်းဖြစ်ပါတယ်။