ေရႀကီးနစ္ျမဳပ္မႈဒဏ္ခံရသည့္ ေက်း႐ြာမ်ားရွိ ျပည္သူမ်ားအား ျပည္ခိုင္ၿဖိဳးပါတီက ကူညီေထာက္ပံ့

ေရႀကီးနစ္ျမဳပ္မႈဒဏ္ခံရသည့္ ေက်း႐ြာမ်ားရွိ ျပည္သူမ်ားအား ျပည္ခိုင္ၿဖိဳးပါတီက ကူညီေထာက္ပံ့
=================
ဩဂုတ္ ၅၊ ဟသၤာတ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဗဟိုအလုပ္အမႈေဆာင္ ဦးေအာင္တင္ျမင့္၏ ဦးေဆာင္မႈႏွင့္ ဟသၤာတၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ ဟသၤာတခ႐ိုင္ ေခတၱဥကၠ႒ ဦးျမင့္ကို၊ ခ႐ိုင္/ၿမိဳ႕နယ္/ရပ္ေက်းပါတီေကာ္မတီဝင္မ်ား၊ ပါတီဝင္မ်ားသည္ ၅-၈-၂၀၂၆ ရက္ေန႔တြင္ ေလးမ်က္ႏွာၿမိဳ႕နယ္ ငဝန္ျမစ္ေရတားတာက်ိဳးမႈေၾကာင့္ ေရႀကီးနစ္ျမဳပ္ကာ ေရေဘးဒဏ္ခံစားခဲ့ရၿပီး ဧရာဝတီတိုင္းေဒသႀကီး၊ ဟသၤာတၿမိဳ႕နယ္၊ လဟာပါေက်း႐ြာဘုန္းေတာ္ႀကီးေက်ာင္း ကယ္ဆယ္ေရးစခန္းတြင္ ေ႐ႊ႕ေျပာင္းေနထိုင္ရသည့္ ျပည္သူမ်ားထံသို႔ သြားေရာက္ေတြ႕ဆုံခဲ့ပါသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဗဟိုအလုပ္အမႈေဆာင္ ဦးေအာင္တင္ျမင့္ႏွင့္အဖြဲ႕သည္ ေရေဘးကယ္ဆယ္ေရးစခန္းရွိ ျပည္သူ (၂၅၀)ဦးခန႔္အတြက္ ေရသန႔္ဘူးမ်ား၊ ေခါက္ဆြဲေျခာက္မ်ား၊ ငါးေသတၱာဘူးမ်ားအား ေက်ာင္းထိုင္ဆရာေတာ္ထံသို႔ ဆပ္ကပ္လႉဒါန္းခဲ့ေၾကာင္း သတင္းရရွိပါသည္။


ရေကြီးနစ်မြုပ်မှုဒဏ်ခံရသည့် ကျေးရွာများရှိ ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီက ကူညီထောက်ပံ့
=================
ဩဂုတ် ၅၊ ဟင်္သာတ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်၏ ဦးဆောင်မှုနှင့် ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ ဟင်္သာတခရိုင် ခေတ္တဥက္ကဋ္ဌ ဦးမြင့်ကို၊ ခရိုင်/မြို့နယ်/ရပ်ကျေးပါတီကော်မတီဝင်များ၊ ပါတီဝင်များသည် ၅-၈-၂၀၂၆ ရက်နေ့တွင် လေးမျက်နှာမြို့နယ် ငဝန်မြစ်ရေတားတာကျိုးမှုကြောင့် ရေကြီးနစ်မြုပ်ကာ ရေဘေးဒဏ်ခံစားခဲ့ရပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ လဟာပါကျေးရွာဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် ရွှေ့ပြောင်းနေထိုင်ရသည့် ပြည်သူများထံသို့ သွားရောက်တွေ့ဆုံခဲ့ပါသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်နှင့်အဖွဲ့သည် ရေဘေးကယ်ဆယ်ရေးစခန်းရှိ ပြည်သူ (၂၅၀)ဦးခန့်အတွက် ရေသန့်ဘူးများ၊ ခေါက်ဆွဲခြောက်များ၊ ငါးသေတ္တာဘူးများအား ကျောင်းထိုင်ဆရာတော်ထံသို့ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။