ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသားအသင္းႏွင့္ အမ်ိဳးသမီးအသင္းတို႔ ကြင္း သြင္း ျခင္းခတ္ကစားနည္း၌ ေငြ တံဆိပ္ဆုမ်ားအသီးသီး ဆြတ္ခူး

ျမန္မာ့လက္ေ႐ြးစင္ အမ်ိဳးသားအသင္းႏွင့္ အမ်ိဳးသမီးအသင္းတို ကြင္းသြင္းျခင္းခတ္ကစားနည္း၌ ေငြတံဆိပ္ဆုမ်ားအသီးသီးဆြတ္ခူး
====================
ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသားျခင္းအသင္းႏွင့္ အမ်ိဳးသမီးျခင္းအသင္းတိုသည္ ထိုင္းႏိုင္ငံတြင္က်င္းပလ်က္ရွိသည့္ (၃၉)ႀကိမ္ေျမာက္ထိုင္းဘုရင့္ဖလားပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ၂၀၂၆ ၿပိဳင္ ပြဲ၏ ကြင္းသြင္းျခင္းခတ္ၿပိဳင္ပြဲ၌ ေငြတံဆိပ္ဆုမ်ားအသီးသီးရရွိခဲ့ေၾကာင္း သိရသည္။

အမ်ိဳးသားကြင္းသြင္းျခင္းခတ္ၿပိဳင္ပြဲအား ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသားအသင္းမွ ဟန္ဝင္းထြဋ္၊ ေအာင္ေအာင္၊ ေအာင္ေဇာ္ဟိန္း၊ ခ်စ္မင္းပိုင္၊ ေက်ာ္မင္းသူႏွင့္ မင္းရန္ခိုင္တိုဝင္ေရာက္ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီးေနာက္ ရမွတ္(၅၁၀) မွတ္ျဖင့္ ေငြတံဆိပ္ဆုဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အမ်ိဳးသမီးကြင္းသြင္းျခင္းခတ္ၿပိဳင္ပြဲတြင္ ျမန္မာ့လက္ေ႐ြးစင္အမ်ိဳးသမီးအသင္းမွ ေနျခည္ေႏြး၊ ဆုမြန္ေက်ာ္၊ နမ့္ေမသူေထြး၊ ႏွင္းႏွင္းေဝ၊ ႐ႊန႔္လဲ့ဇင္ႏွင့္ ယဥ္ယဥ္ေဌးတို႔ ဝင္ေရာက္ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး ရမွတ္(၄၇၀) မွတ္ျဖင့္ ေငြတံဆိပ္ဆုဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရသည္။


မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့ ကွင်းသွင်းခြင်းခတ်ကစားနည်း၌ ငွေတံဆိပ်ဆုများအသီးသီးဆွတ်ခူး
====================
မြန်မာ့လက်ရွေးစင်အမျိုးသားခြင်းအသင်းနှင့် အမျိုးသမီးခြင်းအသင်းတိုသည် ထိုင်းနိုင်ငံတွင်ကျင်းပလျက်ရှိသည့် (၃၉)ကြိမ်မြောက်ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ ၂၀၂၆ ပြိုင် ပွဲ၏ ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုများအသီးသီးရရှိခဲ့ကြောင်း သိရသည်။

အမျိုးသားကွင်းသွင်းခြင်းခတ်ပြိုင်ပွဲအား မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းမှ ဟန်ဝင်းထွဋ်၊ အောင်အောင်၊ အောင်ဇော်ဟိန်း၊ ချစ်မင်းပိုင်၊ ကျော်မင်းသူနှင့် မင်းရန်ခိုင်တိုဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့ကြပြီးနောက် ရမှတ်(၅၁၀) မှတ်ဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းမှ နေခြည်နွေး၊ ဆုမွန်ကျော်၊ နမ့်မေသူထွေး၊ နှင်းနှင်းဝေ၊ ရွှန့်လဲ့ဇင်နှင့် ယဉ်ယဉ်ဌေးတို့ ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့ကြပြီး ရမှတ်(၄၇၀) မှတ်ဖြင့် ငွေတံဆိပ်ဆုဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။