
ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ယာယီနည်းပြသစ် စန်တီယာဂို ဆိုလာရီဟာ သူ့အနေဖြင့် အသင်းကို ဘယ်လောက် အချိန်ကြာကြာ ကိုင်တွယ်မယ်ဆိုတဲ့ အချက်ကိုတော့ ထုတ်ဖော်မပြောဆိုလိုပဲ လာမယ့် စပိန်ဘုရင့်ဖလား ရှုံးထွက် (၃၂)သင်းအဆင့်မှာ အဖွင့်ရလဒ်ကောင်းဖို့ အာရုံစိုက်သွားမှာဖြစ်တယ်လို့ အင်္ဂါနေ့က ပြောဆိုသွားခဲ့ပါတယ်။









