ရလဒ်များ မကောင်းသော်လည်း မန်ယူသည် ပရီးမီးယားလိဂ်၌ လစာအများဆုံးရပ်တည်

မန်ယူသည် ယခုရာသီ အစရလဒ်ပိုင်း ညံ့ဖျင်းနေသော်လည်း အသင်း၏လစာအသုံးပြု ငွေသည် ယမန်နှစ်က ထက် ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။

၂၀၁၈ ပထမသုံးလပတ်အဖြစ် ကြာသပတေးနေ့က ဖော်ပြသော စာရင်းများက အလုပ်ရှင်အကျိုးအမြတ် သုံးစွဲငွေ ပမာဏသည် ယင်းသုံးလတွင် ပေါင် ၇၇ သန်းရှိပြီး ယမန်နှစ်ထက်ပေါင် ၇ ဒသမ ၁ သန်း(သို့မဟုတ်) ၁၀ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်လာသည်။ ယင်းမှာ ပထမအသင်းလူ စာရင်းတွင်ရင်းနှီးမြှုပ်နှံမှုကြောင့် မြင့်မား လာရခြင်း ဖြစ်သည်ဟု ဆို သည်။

ထိုင်း လက်ဝှေ့ အသက်ကန့်သတ်ဖို့ သုံးသပ်

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်စနေနေ့က ၁၃နှစ်အရွယ် လူငယ်တဦး လက်ဝှေ့ထိုးလို့ သေဆုံးခဲ့ပြီးတဲ့နောက် ရိုးရာ လက်ဝှေ့ ထိုးသတ်ခြင်းဟာ အသက်အရွယ်ငယ်သူတွေ အတွက် သင့် မသင့် စမ်းစစ်ဝေဖန်မှုတွေ ထွက်ပေါ် လာနေပါတယ်။

မွေထိုင်းလို့ လုသိများတဲ့ ထိုင်းရိုးရာလက်ဝှေ့မှာ လူငယ်တွေအတွက် ရွှေခါးပတ်ရရှိရေး ၊ ဆုကြေးငွေ မျက်မျက်လေးရရေး၊ စတာတွေဟာ မက်လုံးပေးတဲ့အိမ်မက်တွေဖြစ်ခဲ့ပြီး လူငယ်တွေကြား ရေပန်းစား နေတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း သုတေသနပြုချက်တွေအရ မွေထိုင်းကစားနည်းဟာ ထိခိုက်အနာတရ အများအပြားရရှိစေနိုင်တယ်လို့ သိရှိထားပါတယ်။

အီတလီ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂျူဗင်တပ်နည်းပြ အလီဂရီ ရရှိ

ပြီးခဲ့တဲ့တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အခမ်းအနားတွင် အီတလီတစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဂျူဗင်တပ် နည်းပြ အလီဂရီကရရှိခဲ့တယ်လို့ သိရပါတယ်။ ဆုရရှိပြီးနောက်မှာ အလီဂရီက ဂျူဗင်တပ်အသင်းတွင် ကာလရှည်ကြာစွာ ဆက် နေလိုကြောင်းလည်း ပြောခဲ့ပါတယ်။

ဘောလုံးလောကရဲ့ အသန့်ရှင်းဆုံး ကစားသမား ကန်တီ

ဘောလုံးလောကမှာ အသန့်ရှင်းဆုံး၊ အရိုးသားဆုံး ကစားသမားတစ်ယောက်ရွေးပါ ဆိုရင်တော့ ချဲလ်ဆီး ကွင်းလယ်လူ ကန်တီကို ရွေးချယ်ရမှာပါ။ ရှက်တတ်သူ၊ ရိုးရှင်းသူ၊ ပွဲလမ်းတွေနဲ့ ခပ်ဝေးဝေးနေသူဖြစ်တဲ့ ကန်တီရဲ့ ရိုးသားမှုဂုဏ်သတ္တိက Football Leaks အရှုပ်တော်ပုံ ပေါ်ပေါက်လာချိန်မှာ ပိုထင်ရှားလာခဲ့ပါတယ်။

ဘောလုံးလောကရဲ့ ထိပ်တန်းကစားသမား တော်တော်များများ အခွန်ရှောင်တိမ်းမှု ပြဿနာကြုံနေရချိန်မှာ ကန်တီရဲ့ လုပ်ရပ်က ချီးကျူးစရာဖြစ်ခဲ့ပါတယ်။

အောင်သူကို ပွဲချိန်ပြည့်မသုံးသေးဟု နည်းပြချုပ်ဆို

 မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူကို ပွဲစဉ် အားလုံးတွင် ပွဲချိန်ပြည့်ထည့် သွင်းကစားမည်မဟုတ်ကြောင်း နည်းပြချုပ် အန်တွမ်နီဟေးက ပြောသည်။

‘‘တိုက်စစ်မှာ ကစားဖို့အ သင့်ဖြစ်နေတဲ့ ကစားသမားတွေ ရှိပါတယ်။ အောင်သူက အရေးပါ တဲ့ ကစားသမား တစ်ယောက်ပါ။ ဒါပေမဲ့သူ့ကိုပွဲစဉ်တိုင်းမှာ မိနစ် ၉၀ အပြည့်သုံးဖို့ အစီအစဉ်မရှိပါ ဘူး’’ ဟု နည်းပြချုပ်က ကမ္ဘော ဒီးယားကို အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ပြောသည်။

ဘလွန်းဒီအောဆန်ခါတင်သုံးဦး ပေါက်ကြားစာရင်းတွင် မက်ဆီနှင့် ရော်နယ်ဒို မပါဝင်

ဘာစီလိုနာကြယ်ပွင့် မက်ဆီနှင့် ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုသည် ဘလွန်းဒီအောဆုကို နောက်ဆုံး ၁၀ နှစ်အတွင်း အပြိုင်အဆိုင် ဆွတ်ခူးခဲ့သော်လည်း ယခုနှစ်တွင် ယင်းဆုကို ၎င်းတို့နှစ်ဦး ရမည့်ပုံ မပေါ်ပေ။
ယခုနှစ်အတွက် ဘလွန်းဒီ အောဆုကို ဒီဇင်ဘာ ၃ ရက်တွင် ပေးအပ်မည်ဖြစ်ပြီး ယခုနှစ်သည် ၂၀၀၇ နောက်ပိုင်း မက်ဆီ (သို့မဟုတ်) ရော်နယ်ဒို တစ်ဦးဦးက ယင်းဆုဆွတ်ခူးနိုင်ခြင်း မရှိသည့် ပထမဆုံးနှစ် ဖြစ်လာဖွယ်ရှိ သည်။

ဘရာဇီးဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက် ပရိသတ်အကြားခိုက်ရန်ဖြစ်ပွားရာမှ တစ်ဦးသေဆုံးမှုဖြစ်ပွား

ဘရာဇီးနိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ဧပြီလက ယှဉ်ပြိုင်ကစားခဲ့သည့် ဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို့ ၌ နိုဝင်ဘာ ၁ဝ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပြည်တွင်းဘောလုံးပွဲစဉ်တစ်ခုတွင် နှစ်ဖက်ပရိသတ်အကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းနှင့် အခြားတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

ကမ္ဘာ့ချန်ပီယံများ ပါဝင်ယှဉ်ပြိုင်မည့် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

နိုင်ငံပေါင်း ၃၆ နိုင်ငံက ကမ္ဘာ့ချန်ပီယံတွေ ပါဝင်ယှဉ်ပြိုင်မယ့် Black Shield IBSF World Billiard and Snooker Championship 2018 ပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်ရှိ Grand Mercure Yangon Golden Empire Hotel မှာ ကျင်းပမယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနှင့် ပွဲစဉ်တွင် အကောင်းဆုံးပုံစံကို မြင်တွေ့ရမည်ဟု မြန်မာအသင်းနည်းပြချုပ်ကြုံးဝါး

အာဆီယံ ဆူဇူကီးဖလား ပထမပွဲစဉ်အဖြစ် ကစားမည့် ကမ္ဘောဒီးယားအသင်းနှင့် ပွဲစဉ်တွင် ကစားသမားများ၏ အကောင်းဆုံး ပုံစံကို ပရိသတ်များ မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် အန်တွမ်နီ ဟေး က ပြောသည်။ နိုဝင်ဘာ ၁၁ ရက်က မန္တလေးမြို့ရှိ ဟိုတယ်မန္တလေးတွင် ပြုလုပ်သည့် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲ၌ မြန်မာ့ လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေး က ယင်းကဲ့သို့ ပြောကြားသည်။

ဆီးခွက်တွေမှာ ရုပ်သံမျက်နှာပြင်တပ်ဆင်မယ့် ရီးရဲလ်

ဒုတိယပိုင်း ပြန်စပြီး တစ်မိနစ်မပြည့်ခင် ကိုယ့်အသင်း ဂိုးသွင်းလိုက်ချိန်မှာ ကိုယ်က အပေါ့သွားနေတုန်းမို့လို့ မကြည့်လိုက်ရတာမျိုး ကြုံရရင် ပရိသတ်တွေ စိတ်ပျက်ကြမှာပါ။ ကိုယ်မကြည့်လိုက် ရတဲ့ဂိုးက ရာသီတစ်လျှောက် အကောင်းဆုံးဂိုးဖြစ်နေရင်တော့ ပိုစိတ်ပျက်ရမှာပါ။ ရီးရဲလ်အသင်းကတော့ သူတို့အသင်းကို အားပေးတဲ့ ပရိသတ်တွေ ဒီလို စိတ်ပျက်စရာမျိုး မကြုံစေဖို့ ဆီးခွက်တွေမှာ ရုပ်သံမျက်နှာပြင် တပ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။