
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၄)ကြိမ်မြောက် အာရှဗိုဗီနမ်ပြိုင်ပွဲမှာ ဒီနေ့နံနက်ပိုင်းအထိ မြန်မာအသင်းက ရွှေတံဆိပ်(၃)ခု၊ ငွေ(၁)ခု၊ ကြေး (၅)ခု ဆွတ်ခူးထားကြောင်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ (၄)ကြိမ်မြောက် အာရှဗိုဗီနမ်ပြိုင်ပွဲမှာ ဒီနေ့နံနက်ပိုင်းအထိ မြန်မာအသင်းက ရွှေတံဆိပ်(၃)ခု၊ ငွေ(၁)ခု၊ ကြေး (၅)ခု ဆွတ်ခူးထားကြောင်း သိရပါတယ်။

၂၀၂၀ အိုလံပစ်အမျိုး သမီးခြေစစ်ပွဲ ပထမအဆင့်ပွဲစဉ်များမှ မြန်မာအမျိုးသမီးဘောလုံး အသင်းပါဝင် ယှဉ်ပြိုင်မည့် အုပ်စု (ဂ) ပွဲစဉ်များကို ကွင်းဝင်ကြေး အခမဲ့သတ်မှတ်ကြောင်း ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးဇော်မင်းထိုက်ကပြောသည်။
မြန်မာအမျိုးသမီးအသင်း သည် အိုလံပစ်ခြေစစ်ပွဲ ပထမ အဆင့်အုပ်စုပွဲစဉ်များအဖြစ် သုဝဏ္ဏကွင်းတွင် နိုဝင်ဘာ ၈ ရက် ၌ ဘင်္ဂလားဒေ့ရှ်အသင်း၊ နိုဝင်ဘာ ၁၁ ရက်တွင် နီပေါအသင်း၊ နိုဝင်ဘာ ၁၃ ရက်တွင် အိန္ဒိယ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။

ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ အသင်းပိုင်ရှင်ဗီချိုင်းရဲ့ဈာပနအတွက် လက်စတာအသင်း ကစားသမား တွေဟာ ထိုင်းနိုင်ငံကို ရောက်ရှိနေပါတယ်။
ဗီချိုင်းရဲ့ဈာပနအတွက် ဘန်ကောက်က ဘုန်းတောင်ကြီးကျောင်းတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ဆုတောင်းပွဲ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ လက်စတာကစားသမားတွေထဲမှာ တိုက်စစ်မှုးဗာဒီနဲ့ အသင်းခေါင်းဆောင် မော်ဂန်တို့လည်း ပါဝင်ခဲ့ကြပါတယ်။ ဗီချိုင်းရဲ့ဈာပနဟာ ပြီးခဲ့တဲ့စနေနေ့မှာ စတင်ခဲ့ပြီး တစ်ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။
အရှေ့တောင်အာရှ မြားပစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းက ရွှေတံ ဆိပ်ငါးခုအပါအ၀င် ငွေတစ်ခု၊ ကြေးသုံးခုဖြင့် စုစုပေါင်းဆုတံ ဆိပ်ကိုးခု စတင်ရရှိခဲ့သည်။
အဆိုပါ မြားပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၃ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံမြားပစ်အား ကစားကွင်းတွင် ကျင်းပနေသည်။
အိမ်ရှင်မြန်မာနှင့်အတူ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံတို့ ၀င်ရောက်ယှဉ်ပြိုင်ကာ မြန်မာ မြားပစ်ကစားသမား ၂၀ ခန့် ပါဝင်ယှဉ်ပြိုင်နေသည်။

ဘလွန်းဒီအောဆုရရှိရန် အိပ်မက်မက်နေသည်ဟု အက်သလက်တီကိုမက်ဒရစ်နှင့် ပြင်သစ်ကြယ်ပွင့်အန်တိုနီ ဂရစ်ဇ် မန်းက ၀န်ခံပြောကြားသည်။
အက်သလက်တီကိုမက်ဒရစ်နှင့် ယူရိုပါလိဂ်ဖလား၊ ပြင်သစ်နှင့်ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ပြီးနောက် ဂရစ်ဇ်မန်း (၂၇နှစ်)သည် ဘလွန်းဒီအောဆု ရရှိရန် အလား အလာကောင်းနေသည်။
၂၀၁၆ က ရော်နယ်ဒိုနှင့်မက် ဆီတို့နောက် တတိယသာရရှိခဲ့ သောတိုက်စစ်မှူးက ဘလွန်းဒီအောဆုသည် ၎င်းအလိုရှိသောဆု ဟု မကွယ်မ၀ှက်ပြောကြားသည်။

ဦးဇော်ဇော်နှင့် ဖီဖာဥက္ကဋ္ဌ တွေ့ဆုံနေစဉ် (ဓာတ်ပုံ − MFF)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အင်ဖာတီနိုက မြန်မာ့ဘောလုံးလောက တိုးတက်ရေး လိုအပ်သည်များ ကူညီထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

စိတ်ကျဝေဒနာ ခံစားခဲ့ရတုန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ပြောပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ တိုင်ဆန်ဖျူရီဟာ ဒီဇင်ဘာလ ၁ ရက်နေ့မှာ WBC ဟဲဗီးဝိတ်ချန်ပီယံ ၀ိုင်ဒါနဲ့ ထိုးသတ်ဖို့ ရှိပါတယ်။

စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းနဲ့အတူ မပါဝင်ခင်က နိုင်ငံရဲ့စစ်တပ်အတွက် ပေါင် 70,000 လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အသက် 26 နှစ်အရွယ် ဆွန်ဟောင်မင်ဟာ အာရှအားကစားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်း ချန်ပီယံဆု ရရှိဖို့အတွက် အဓိက ခြေစွမ်းပြခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမှာ ဂျပန်ကို 2-1 နဲ့အနိုင်ရကာ ချန်ပီယံဖြစ်သလို သူကိုယ်တိုင် ကလည်း စစ်မှုထမ်းခြင်းကနေ ကင်းလွတ်သွားခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ ဥပဒေအရ အသက် 28 နှစ်အောက် အမျိုးသားတိုင်းဟာ 2 နှစ်ကြာစစ်မှုထမ်းဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ရွှေတံဆိပ်နှင့်အတူ တွေ့ရသော ကြက်တောင်ကစားမယ် သက်ထားသူဇာ
အီဂျစ်နိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ စီးရီးကြက်တောင်ပြိုင်ပွဲ Egypt Internatio-nal Sereies 2018 အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် သက်ထားသူဇာက ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

သူ့ရဲ့ အပြင်းအထန်လေ့ကျင့်မှုတွေက ပြိုင်ပွဲကြီးမှာ သက်သေပြခဲ့ပါပြီ။ MMA World Middle Weight Champion ခါးပတ်ကို စိန်ခေါ်လာသူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီကို ပထမအချီမှာတင် အလဲထိုးနိုင်ခဲ့တဲ့ မြန်မာ့စပါးအုံး အောင်လအန်ဆန်က ”ပရိသတ်ကို ကျွန်တော့်စိတ်ထဲကနေ အရမ်းချစ်တယ်။ အားလုံး အားပေးလို့လည်း ကျေးဇူးတင်တယ်။ ဆက်လည်း အားပေးပါ” လို့ ဆိုခဲ့ပါတယ်။ ပြီးတော့ သူ့ရဲ့ မြန်မာနိုင်ငံမှာ ကစားတဲ့ One Championship ပွဲစဉ်တိုင်းကိုလည်း သူက အားရတယ်လို့ဆိုပါတယ်။