
ကိုယ်ခံပညာ ပေါင်းစုံသုံး ထိုးသတ်သော UFC ဖိုက်တာကော်နာမက်ဂရီဂေါက ၎င်းအနေဖြင့် ပြိုင်ဘက် ခါဘစ်နာ မာဂိုမီဒေါ့ဗ်ကို တစ်ချီတည်းဖြင့် အနိုင်ယူကာ UFC လိုက်ဝိတ်ချန် ပီယံဆုရယူမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ဧပြီလက နာမာဂိုမီဒေါ့ဗ်နှင့် အခြား UFC ကစားသမားများ လိုက်ပါသော ဘတ်စ်ကားမှန်ပြ တင်းကို သံခုံတစ်ခုဖြင့် ပစ်ပေါက် ခဲ့သောအဖြစ်အပျက်ကို မက်ဂရီ ဂေါက အကြိမ်အကြိမ် ရည်ညွှန်းခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် မက်ဂရီဂေါ ဖမ်းဆီးခံရကာနောက်ပိုင်း တွင် အပြစ်ရှိကြောင်းဝန်ခံသည်။









