ပေါ့ဘာကို လက်ထောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားကြောင်း မော်ရင်ဟို အတည်ပြု

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြ မော်ရင်ဟိုက ပေါ့ဘာကို လက်ထောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားလိုက်ကြောင်း အတည်ပြုခဲ့ပြီး သူနဲ့ ကွင်းလယ်ကစားသမားကြား ဘာပြဿနာမှ မရှိဘူးလို့ အခိုင်အမာပြောဆိုသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က မန်ယူအသင်းက ဝုဗ်ကို ၁-၁ ဂိုးနဲ့ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ ပေါ့ဘာဟာ အသင်းရဲ့ ကစားဟန်ကို ထောက်ပြဝေဖန်ခဲ့ပြီး အိမ်ကွင်းမှာ ကစားတဲ့ မန်ယူအနေနဲ့ တိုက်စစ်ဆင် ကစားသင့်တဲ့အကြာင်း ပြောကြားခဲ့ပါတယ်။
မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကို ဝေဖန်ခဲ့တဲ့ ကာပယ်လို

ဖီဖာရဲ့ The Best ဆုပေးပွဲအခမ်းအနားကို စီရော်နယ်ဒိုနဲ့ မက်ဆီတို့ တက်ရောက်မှု မရှိခဲ့ခြင်းဟာ လေးစားမှုကင်းမဲ့တဲ့ အပြုအမှုများဖြစ်ကြောင်း အီတလီနည်းပြဟောင်း ကာပယ်လိုက ဝေဖန်ခဲ့ပါတယ်။ အကောင်းဆုံးဆုရဖို့အတွက် ရေပန်းစား မှုတွင် မိုဒရစ်က ရေပန်းအစားဆုံးဖြစ်ခဲ့ပြီး အကောင်းဆုံးဆုကိုလည်း မိုဒရစ်ကပဲရရှိခဲ့တာဖြစ်ပါတယ်။မက်ဆီမှာအကောင်း ဆုံး ဆန်ကာတင် ၃ ဦးစာရင်းတွင် အံသြဖွယ်ပါဝင်လာခြင်း မရှိခဲ့ပေမယ့် စီရော်နယ်ဒိုကတော့ ပါဝင်ခဲ့ပြီး ဆုပေးပွဲကို မတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
မောင်မောင်လွင်ကို ထိုင်းကလပ်အသင်းငါးသင်း ကမ်းလှမ်းထား

ရန်ကုန်ယူနိုက်တက်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတောင်ပံကစားသမား မောင်မောင်လွင်ကိုခေါ်ယူရန် ထိုင်းလိဂ် – ၁ ကလပ်အသင်း ငါးသင်းမှကမ်းလှမ်းထားပြီး ၎င်းအနေဖြင့်လည်း လာမည့်ဘောလုံးရာသီတွင် ပြည်ပသို့ သွားရောက်ကစားရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်တော့်ကို ကမ်းလှမ်းထားတဲ့ ပြည်ပကလပ်တွေရှိပါတယ် လောလောဆယ်တော့ ထိုင်းလိဂ် (၁) ကငါးသင်းလောက်ကမ်းလှမ်းထားတယ် ပြောင်းရွှေ့ဖို့အတွက်ကတော့ ကျွန်တော်မှာ အေးဂျင့်ရှိတယ်သူက ဂျာမနီနိုင်ငံသားပါ သူကိုယ်တိုင် ကျွန်တော်အပြောင်းအရွှေ့ကိစ္စကို လုပ်နေပါတယ် ” ဟု ပြောကြားခဲ့သည်။
ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးကစားသမားအတွက် ဘလွန်းဒီအောဆုကို ၂ဝ၁၈ ခုနှစ်ကုန်မှာ စတင်ပေးအပ် ချီးမြှင့်မည်

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီး ကစားသမားအတွက် ဘလွန်း ဒီအောဆုကို ၂ဝ၁၈ ခုနှစ်ကုန်မှာ စတင်ပေးအပ် ချီးမြှင့်မယ်လို့ သိရပါတယ်။ ကမ္ဘာ့အကောင်းဆုံးအမျိုးသား ကစားသမားအတွက် ပေးအပ်ချီးမြှင့်တဲ့ ဘလွန်း ဒီအောဆုကိုတော့ ပြင်သစ် ဘောလုံးမဂ္ဂဇင်းက ၁၉၅၆ ခုနှစ် ကတည်းက စတင်ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။
အခုပေးအပ်ချီးမြှင့်မယ့် ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးကစားသမားအတွက် ဘလွန်းဒီအောဆုကိုတော့ အခုနှစ်မှာ စတင်ပေးအပ်ချီးမြှင့်မှာ ဖြစ်တဲ့အပြင် ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
စိုးလင်းဦးနှင့် တရုတ်မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ထိုးသတ်မည်

၆ ကြိမ်မြောက်ကျင်းပမယ့် ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ် ပြိုင်ပွဲကို လာမယ့် စက်တင်ဘာ ၂၉ ရက်နေ့ ကျင်းပမှာဖြစ်ပြီး အဓိကစိန်ခေါ်ပွဲအဖြစ် စိုးလင်းဦးနဲ့ တရုတ် မွေထိုင်းချန်ပီယံ ကျောက်ဝမ်ဝမ်တို့ ယှဉ်ပြိုင် ထိုးသတ်ကြမှာပါ။
အသက် ၂၁ နှစ်ရှိ ကျောက်ဝမ်ဝမ်ဟာ တရုတ်မွေထိုင်းပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားပြီး ကစ်ဘောင်ဆင် ကစားသမား တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။
တိုးချန်ပီယံရှစ်ဂေါက်ရိုက်ပြိုင်ပွဲတွင် တိုက်ဂါးဝုဒ်ဗိုလ်စွဲပြီး ငါးနှစ်အတွင်း ပထမဆုံးအောင်ပွဲရ

ရာသီအပိတ် တိုး ချန်ပီယံရှစ် ဂေါက်ရိုက်ပြိုင်ပွဲတွင် အမရေိကန်ဂေါက်သီးအကျော် အမော် တိုက်ဂါးဝုဒ် (၄၂) နှစ် သည် တစ်နိုင်ငံတည်းသားပြိုင် ဘက် ဘီလီဟော့စ်ရှယ်လ်ထက် ရိုက်ချက် နှစ်ချက် လျှော့ရိုက်ကာ ဗိုလ်စွဲခဲ့ပြီး ငါးနှစ်အတွင်း ပြိုင်ပွဲ အရပ်ရပ်၌ ပထမဆုံးအောင်ပွဲရရှိ ခဲ့သည်။
မြန်မာ့ လက်ရွေးစင်အသင်းနှင့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းတို့ ရန်ကုန်မြို့တွင် ခြေစမ်းမည်

၂၀၁၈ ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာ ခြေစမ်းပွဲစဉ် တစ်ပွဲအဖြစ် တောင်အမေရိက နိုင်ငံတစ်နိုင်ငံဖြစ်သည့် ဘိုလီးဗီးယား လက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့တွင် ကစားမည် ဖြစ်သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဘိုလီဗီးယား ဘောလုံး အဖွဲ့ချုပ်တို့ ခြေစမ်းပွဲ ဖြစ်မြောက်ရေး အတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၊ တောင်အမေရိက ဘောလုံး အဖွဲ့ချုပ် (CONMEBOL)၊ အာရှ ဘောလုံး အဖွဲ့ချုပ် (AFC) တို့နှင့် အပြန်အလှန် ဆက်သွယ် ဆောင်ရွက်လျက် ရှိပြီး မကြာမီ သတင်း အချက်အလက်များအား ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။
၂၀၁၈ ခုနှစ် တစ်နှစ်တာ ဖီဖာအကောင်းဆုံး ဆုများ

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့က ဆယ်စုနှစ်တစ်ခုကြာ စိုးမိုးထားမှုကို ဒီနှစ်မှာတော့ လူကာမိုဒရစ်က အဆုံးသတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ကြီးမှူးကျင်းပတဲ့ The Best FIFA Football Awards ဆု ချီးမြှင့်ပွဲ အခမ်းအနားကို တနင်္လာနေ့က လန်ဒန်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဖီဖာရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုများ ပေးအပ်မည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က တနှစ်တာအတွက် အကောင်းဆုံးဆုတွေ ပေးအပ်မယ့် အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီမှာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ပြုလုပ်သွားမှာပါ။
