
ဒီစံချိန်ကို ရရှိခဲ့တဲ့ နိုင်ပွဲမှာ ရော်နယ်ဒိုက အနိုင်ဂိုးသွင်းပေးခဲ့သူ မန်ဇူကစ်အတွက် ဂိုးဖန်တီးမှု ပြုလုပ် ပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထူးခြားပြောင်မြောက်တဲ့ စံချိန်မှတ်တမ်းတွေကို စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ရယူနိုင်ထားခဲ့တဲ့ ရော်နယ်ဒိုအတွက် နောက်ထပ်စံချိန်တစ်ခုလည်း ဖြစ်ခဲ့ပြီး ကစားသမားပြိုင်ဘက် လီယွန်နယ်မက်ဆီကို နောက်ကောက်ချ နိုင်ခဲ့ပြန်တာလည်း ဖြစ်ပါတယ်။









