
ယမန်နေ့ညက နာပိုလီအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး သွင်းဂိုးအသာနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခဲ့တဲ့ လီဗာပူးအသင်းဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ ပြန်လည်တွေ့ဆုံနိုင်ပေမယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဘယ်အသင်းနဲ့တွေ့မလဲဆိုတာကို စိတ်ထဲမရှိဘူးလို့ ပြောခဲ့ပါတယ်။
ယာဂင်ကလော့ပ်က နောက်ထပ်ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းနဲ့ ပိုပြီးတွေ့ဆုံချင်တယ်ဆိုတာမျိုးနဲ့ လက်ရှိချန်ပီယံရီးရဲမက်ဒရစ်အသင်းကို လက်စားချေဖို့ မတွေးထားကြောင်း ပြောကြားခဲ့ပါတယ်။









