
လီဗာပူးလ်ရဲ့ နယ်သာလန် နောက်ခံလူ ဗာဂျယ် ဗန်ဒိုက်ဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမား ဆုကို ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ လီဗာပူးလ်နဲ့ ချန်ပီယံလိဂ် ဆုဖလား သာမက၊ ပရီးမီးယားလိဂ်နဲ့ နေးရှင်းလိဂ် ပြိုင်ပွဲတွေမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့လို့ စူပါစတားတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်လ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရခဲ့တာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ နေရာလိုက် အကောင်းဆုံး ဆုတွေကိုတော့ လီဗာပူးလ်ရဲ့ အလီဆင်၊ ဗန်ဒိုက်နဲ့ ဘာစီလိုနာက ဒီယောင်၊ မက်ဆီ တို့က ရရှိခဲ့ကြပါတယ်။












