
ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖြူရီသည် တားမြစ်ဆေးနှင့် ပတ်သက်သော သတင်းများကို ရှောင်လွှဲနိုင်ရန် အတွက် ပေါင် နှစ်သောင်းခွဲအထိ သုံးစွဲခဲ့ကြောင်း သတင်းထွက်လာခဲ့သည်။ တိုင်ဆန်ဖြူရီသည် ဗြိတိန် တားမြစ်ဆေး ဆန့်ကျင်ရေးအဖွဲ့၏ စစ်ဆေးမှုကို ခံခဲ့ရပြီး ၄င်းနှင့် ၄င်းအစ်ကိုတို့ နှစ်ဦးစလုံးမှာ ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် တားမြစ်ဆေးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါကာလတွင် ၄င်းက အစားအသောက် စီမံပေးရသူကို လက်ညှိုးထိုး၍ အပြစ်လွှဲချခဲ့သည်။









