
MMA (One Championship) မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် ကို နယ်သာလန် MMA ဖိုက်တာ ဒီရစ်ဒလာက စိန်ခေါ်သည်။ ဖေဖော်ဝါရီ ၇ ရက်က အင် ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် One က WARRIOR’S CODE အမည်ဖြင့် ကျင်းပသည့် မစ်ဒယ် ဝိတ်တန်း စိန်ခေါ်ပွဲ၌ နယ်သာ လန်ဖိုက်တာ ဒီရစ်ဒလာက ဘရာဇီးဖိုက်တာ အက်တီဒက်စ်ကို အမှတ်ဖြင့် အနိုင်ရရှိပြီး အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခွင့်ရရှိခဲ့သည်။









