
ဟဲဗီးဝိတ် အကျော်အမော်တွေဖြစ်တဲ့ ဒီယွန်တေး ဝိုင်ဒါနဲ့ တိုင်ဆန်ဖျူရီတို့ဟာ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီ မကျေပွဲ ပြန်လည်ထိုးသတ်ဖို့ ရှိနေပါတယ်။ ဝိုင်ဒါကတော့ လာမယ့် စက်တာဘာလ လောက်မှာ အောတစ်ဇ်နဲ့ ထိုးသတ်သွားဖို့ရှိနေပြီး လေ့စ်အိန်ဂျလိစ်၊ နယူးယောက် သို့မဟုတ် လတ်စ်ဗီးဂတ်စ်မှာ ထိုးသတ်သွားဖို့ ရှိနေပါတယ်။








