
ဂါရတ်ဘေးလ်အနေနဲ့ တရုတ်စူပါလိဂ်ကလပ်ကိုသာ ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် တစ်နှစ်အတွက်လုပ်ခလစာ ပေါင် (၆၂)သန်းကျော်အထိ ခံစားခွင့်ရမှာဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ဂါရတ်ဘေးလ်အနေနဲ့ တရုတ်စူပါလိဂ်ကလပ်ကိုသာ ပြောင်းရွှေ့နိုင်ခဲ့မယ်ဆိုရင် တစ်နှစ်အတွက်လုပ်ခလစာ ပေါင် (၆၂)သန်းကျော်အထိ ခံစားခွင့်ရမှာဖြစ်ပြီး ကမ္ဘာ့လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာမှာလည်း ဖြစ်ပါတယ်။

အာဂျင်တီးနားနိုင်ငံမှာ မက်ဆီ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်က အိမ်ရာမဲ့တွေအတွက် အစား၊ အသောက်တွေ ကျွေးမွေးနေပါတယ်။ လက်ရှိအချိန်ဟာ အာဂျင်တီးနားနိုင်ငံမှာ စီးပွားရေးအကျပ်အတည်း ကြုံတွေ့နေပြီး ရာသီဥတုကလည်း အေးခဲနေပါတယ်။ အဲဒီလို အနေအထားမှာ မက်ဆီက သူ့ရဲ့စားသောက်ဆိုင် ဝန်ထမ်းတွေဆီ ဖုန်းဆက်ပြီး လမ်းပေါ်မှာ အိပ်နေရသူတွေကို စားသောက်ဆိုင်မှာ ခိုလှုံခွင့်ပေးဖို့၊ အစား၊ အသောက်ကျွေးဖို့ မှာကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ကစပြီး ရိုဆာရီယိုမြို့က VIP စားသောက်ဆိုင်မှာ ငွေကြေးချို့တဲ့ နွမ်းပါးသူတွေကို ပူပူနွေးနွေး စားစရာတွေ ကျွေးမွေးခဲ့တာပါ။ လာမယ့် (၂) ပတ်ကျော်ကာလအထိ အိမ်ရာမဲ့တွေကို အစား၊ အသောက်ကျွေးမွေးသွားမယ်လို့ ဆိုပါတယ်။

၂၀၁၉ FIFA အမျိုးသမီးကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ လီယွန်မြို့မှာ တနင်္ဂနွေနေ့က ကစားကြတာမှာ အမေရိကန်အသင်းက နယ်သာလန်အသင်းကို ၂ ဂိုး ဂိုးမရှိ နဲ့ နိုင်ပြီး ချန်ပီယံဖြစ်သွားတာပါ။

အာဖရိက ကြက်တောင်အဖွဲ့ချုပ်မှ ကျင်းပသည့် ၂၀၁၉ အိုင်ဗရီကို့စ် နိုင်ငံတကာကြက်တောင်ပြိုင်ပွဲကို ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ ကျင်းပ ခဲ့ရာ မြန်မာ့လက်ရွေးစင်ကြက်တောင်မယ် သက်ထားသူဇာသည် ပါကစ္စတန်၊ အီရန်၊ အိန္ဒိယတို့မှ ကစားသမားများကို ကျော်ဖြတ်ပြီး အနိုင် ရရှိကာ ဗိုလ်စွဲနိုင်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၇ရက်က ကျင်းပသည့် ကြက်တောင်ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲတွင် မြန်မာကစားသမား သက်ထားသူဇာသည် ကမ္ဘာ့အဆင့် (၈၂)ရှိ အိန္ဒိယနိုင်ငံသူ Sri Krishna Priya Kudaravalli ကို ၂၁-၁၈၊ ၂၁-၁၃ မှတ်ဖြင့် နှစ်ပွဲပြတ် အနိုင်ရကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ဒါဘီနည်းပြ လမ်းပတ်ဟာ သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း ချဲလ်ဆီးနည်းပြအဖြစ် တရားဝင်ခန့်အပ် ခံလိုက်ရဖြစ်ပါတယ်။ လမ်းပတ်ကို ချဲလ်ဆီးနည်းပြအဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်တာဖြစ်ပြီး တစ်နှစ်ကို ပေါင် ၄ သန်း ရရှိမှာဖြစ်တယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။ ကစားသမားအဖြစ်နဲ့ ချဲလ်ဆီးအသင်းရဲ့ ဂိုးအများဆုံး သွင်းယူထားနိုင်သူအဖြစ် စံချိန်တင်ယူထားပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ၊ ချန်ပီယံလိဂ် ဖလားတွေကို ရယူနိုင်ခဲ့တဲ့ လမ်းပတ်ကတော့ အသင်းဟောင်းကို နည်းပြအဖြစ်နဲ့ ပြန်လာခွင့် ရသွားတဲ့အပေါ်မှာ ပျော်ရွှင်ဝမ်းမြောက်နေပါတယ်။ အသင်းဟောင်းကို နည်ပြအဖြစ် ပြန်လာနိုင်ခဲ့တာကိုလည်း ဂုဏ်ယူမိတယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အသင်းနဲ့အတူ ရာသီစတင်ဖို့အတွက် မစောင့်နိုင်အောင်ဖြစ်နေပြီး၊ အသင်းအောင်မြင်မှု ရဖို့အတွက် အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

ဘီနင်နိုင်ငံတကာ စီးရီး ကြက်တောင်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ သည့် မြန်မာ့လက်ရွေးစင်ကြက် တောင်အားကစားမယ် သက်ထား သူဇာသည် ကမ္ဘာ့အဆင့်သတ် မှတ်ချက် ၁၃ ဆင့် မြင့်တက်လာ ပြီး လက်ရှိ ကမ္ဘာ့အဆင့် (၁၀၁) ၌ ရပ်တည်နေသည်။ သက်ထားသူဇာသည် ဇွန်လနောက်ဆုံးပတ်က ကျင်းပသည့် ဘီနင်နိုင်ငံတကာစီးရီး ကြက်တောင်ပြိုင်ပွဲတွင် အိမ်ရှင် ဘီနင်၊ နိုင်ဂျီးရီးယား၊ အီဂျစ်နှင့် ပီရူးနိုင်ငံတို့မှ ကစားသမားတို့ကို ကျော်ဖြတ်၍ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်။ ထို့ကြောင့် မူလက ကမ္ဘာ့အ ဆင့် (၁၁၄) သာရှိသည့် သက်ထားသူဇာသည် ယခုတစ်ပတ်တွင် ၁၃ ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၀၁) သို့ ရောက်ရှိခြင်းဖြစ်သည်။

ချီလီအသင်းက ၂၀၁၅ နဲ့ ၂၀၁၆ ပြိုင်ပွဲတွေမှာ ၂ ကြိမ်ဆက် ချန်ပီယံ ဖြစ်ထားပြီး ယခုတစ်ကြိမ်မှာပါ ချန်ပီယံ ဆုရယူပြီး ကိုပါအမေရိကဖလား ခေါင်းစဉ်အောက်မှာ ပထမဆုံး ၃ ကြိမ်ဆက် ချန်ပီယံအသင်းအဖြစ် မှတ်တမ်း ရေးထိုးသွားမယ်လို့ ဗီဒယ်က ပြောခဲ့တာပါ။ ချီလီအသင်းကတော့ ၂၀၁၉ ကိုပါအမေရိက ဆီမီးဖိုင်နယ်အဖြစ် ပီရူးအသင်းနဲ့ မနက်ဖြန် မြန်မာစံတော်ချိန် နံနက် ၇ နာရီမှာ ယှဉ်ပြိုင်ကစားရပါမယ်။

BENIN INTERNATIONAL SERIES 2019 ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေတဲ့ သက်ထားသူဇာဟာ ဒီကနေ့ ဆက်လက် ကစားတဲ့ ဖိုင်နယ်ပွဲစဉ် မှာ ပီရူး ကစားသမားအား (၁၇-၂၁/၂၁-၁၈/၂၁-၁၄) ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင် အနိုင်ရရှိ ပြီး ချန်ပီယံဆုကြီးအား ထိုက်ထိုက်တန်တန် ရရှိသွား ပါတယ်။

ဘရာဇီးတိုက်စစ်မှူး နေမာ အတွက် ဘာစီလိုနာက ယူရိုသန်း ၁၃၀ အပြင် ကစားသမားနှစ်ဦး အလိုက်ပေးပါက ပီအက်စ်ဂျီက ၎င်းကို ထွက်ခွာခွင့်ပြုမည်ဟု ပြင်သစ်သတင်းများက ဖော်ပြသည်။ လောလောဆယ်တွင် ဒဏ်ရာသက်သာလာကာ အပြေးလေ့ကျင့်စက်ဖြင့် ကြံ့ခိုင်မှုပြန်လည် ပြည့်ဝရန် ကြိုးစားနေသော နေမာသည် ဘာစီလိုနာသို့ ပြန်လာလိုကြောင်း မိမိတို့ သိရှိသော်လည်း နူးကမ့်ကွင်းသို့ ပြန်လည် ခေါ်ယူလိုခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရဦး မည်ဟု ဘာစီလိုနာဒုဥက္ကဋ္ဌဂျော်ဒီ ကာဒိုနာက ပြောကြားသည်။