မန်စီမြို့ ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍နွေရာသီ ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေသည်။ အဆိုပါ သင်တန်းတွင် ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ/သား ၄၂ ဦး တက်ရောက် မည်ဖြစ်ပါသည်။
၂ဝ၁၆ ခုနှစ် မေလ ၁ ရက် မေဒေးနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ကပေးပို့သောသဝဏ်လွှာ
လုပ်သားထုအပေါင်းတို့ခင်ဗျား-
ယနေ့ မေဒေးနေ့ဟာ ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားထုကြီးအား အမှတ်တရဂုဏ်ပြုသော နေ့ထူး နေ့မြတ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လုပ်သားထုကြီး တစ်ရပ်လုံးကို ကိုယ်စားပြုပြီး မေဒေးနေ့ကို အခုလိုကျင်းပကြတဲ့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ အစိုးရ လက်ထက်မှာ အလုပ်သမား သမဂ္ဂအဖွဲ့ ၁၈၈၉ဖွဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့၍ အလုပ်သမားအဖွဲ့ချုပ်ခုနစ်ဖွဲ့လည်း ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံတွင်းမှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်း ပေါင်းများစွာ ပေါ်ထွန်းလာပြီး အလုပ်သမားရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည်များကိုလည်း တွေ့မြင်နေရပါတယ်။ အဓိကအဖွဲ့အစည်းများ ပေါ်ပေါက်လာတဲ့အပေါ် ကျွန်တော့်အနေဖြင့် အကြံပြုလမ်းညွှန်မှုပေးရပါလျှင် အချင်းချင်းစည်းလုံးညီညွတ်စွာ အတူတူပူးပေါင်းလုပ်ကိုင်နိုင်ရန် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုကို အဓိကထားသင့်ကြောင်း အကြံပြုလို ပါတယ်။
1.5.2016ကန်ကြီးထောင့်မြို့နယ်ရေတွင်းဆိပ်အုပ်စုရေတွင်းဆိပ်
ရွှေဂဲဆက်သွယ်ရေး လမ်းဖောက်လုပ်နေသော ဒေသခံပြည်သူများအား မြိုနယ်ပြည်ခိုင်ဖြိုးပါတီက အအေးမုန့်များလှုဒါန်းခြင်းဖြင့်ပါဝင်လုပ်အားပေးခဲ့ကြပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး စဥ့်ကိုင်မြို့နယ်အတွင်း မိုးသီးကြွေလေပြင်းတိုက်ခတ်ခြင်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများအတွက် အလှူငွေနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်
မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာအဖွဲ့ ထပ်ဆင့်ရှင်းလင်းပွဲနှင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ရေဦးမြို့နယ်လေဘေးသင့် ဒေသများသို့ထောက်ပံ့ကူညီ
တံတားဦးမြို့နယ်တွင်းရျိ လေဘေးဒဏ်သင့် ဘုန်းကြီးကျောင်းများအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်း မိသားစုမှ သွပ်ပြားများလှူဒါန်း
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စဥ့်ကိုင်မြို့နယ်အတွင်းရှိ မိုးသီးကြွေ၊ လေပြင်းတိုက်ခတ်ခြင်း များကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့ သဘာဝဘေးဒဏ်သင့် မွေတော်ကက္ကူ ဘုရားများတွင် လုပ်အားဒါနပြုသူများအား သွားရောက်အားပေးစကားပြောကြား
ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တစ်လုံးကြီးမြို့နယ်ခွဲရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူ ဘုရားများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ ရှမ်းပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ပါတီကော်မတီဝင်များက သွားရောက်ကြည့်ရှု၍ သန့်ရှင်းရေးအတွက် လုပ်အားဖြင့် ပါဝင်ကုသိုလ်ပြုနေကြသော ပါတီဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားကာ ပအိုဝ့်အမျိုးသား ခေါင်းဆောင်ကြီး အဘ ဦးအောင်ခမ်းထီ ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သံတွဲမြို့နယ်ပါတီကော်မတီအစည်းအဝေး ကျင်းပ
သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ယနေ့ ဧပြီလ (၂၇) ရက် နနံက်(၉)နာရီက မြို့နယ်ပါတီရုံး၌ ကျင်ပးပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီ ကော်မတီဝင် ဦးတင်မောင်သန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိင်၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဦးကြည်ရွှေနှင့် ပါတီကော်မတီများ တက်ရောက်တက်ရောက်ခဲ့ကြပြီး ရပ်/ကျေးပါတီကေဒါများ ရွေးချယ်ရေးကော်မတီ ဖွဲ့စည်းခြင်း၊ ရပ်/ကျေးကေဒါများ ရွေးချယ်ခြင်း၊ မြို့နယ်ပါတီညီလာခံ ကိုယ်စားလှယ် ရွေးချယ်ခြင်းတို့ကို ညှိနိင်းဆွေးနွေခဲ့ကြကြောင်း သိရသည်။