အင်္ဂပူမြို့နယ် ပျူခေတ် ဂဝံမြို့ဟောင်း ကြပ်ပြင်သာသနာ့နယ်မြေတွင် ကြပ်ပြင်တောရဆရာတော် ဘဒ္ဒန္တပညာသီရိက ဦးဆောင်၍ ပြုပြင်တည်ထားလျက်ရှိသော ဂဝံမြို့ဟောင်းဖောင်တော်ဦးစေတီမှာ ပြုပြင်ပြီးစီးခဲ့ပြီဖြစ်၍ ရွှေထီးတော်ဆက်ကပ်လှူဒါန်းခြင်းနှင့် ဌာပနာသွင်းမင်္ဂလာကို ဆင်ယင်ကျင်းပ ရန်အတွက် မေလ (၇)ရက် နံနက်ပိုင်းက ကြပ်ပြင်တောရဆရာတော်ဦးဆောင်သော တပည့် ဒါယကာ ဒါယိကာမများသည် ရွှေထီးတော်နှင့် ဌာပနာပစ္စည်းများဖြစ်သော ဘုရားရဟန္တာတို့၏ ဓာတ် တော်မွေတော်များ ပင့်ဆောင်ပူဇော်ရန် ဟင်္သာတမြို့ရှိ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌနေအိမ်သို့ ကြွရောက်လာရာ ဒုတိယဥက္ကဋ္ဌဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းနှင့် ပြည်ခိုင်ဖြိုးပါတီဝင်များက ကြိုဆိုကြသည်။